Zawgyi
အတိတ်တွေမလှခဲ့ပေမယ့် ယောင်းတို့ရဲ့အနာဂါတ်ကိုတော့ အညှိုးနွမ်းမခံဘူးဂျွန်....
ဂျွန်သာအနားမှာရှိနေရင် အဆိုးဆုံးဆိုတဲ့ဒုက္ခတွေကိုလည်း အံတုပြီးယောင်းရင်ဆိုင်လိုက်မယ်။
မှောင်မိုက်တဲ့လမိုက်ညတွေကိုလည်း ဂျွန်ရှိရင်ဘာကိုမှမမှုဘဲ ရဲရဲကြီးလျှောက်လှမ်းပစ်လိုက်ဦးမယ်။
"ယောင်း... ဘာတွေတွေးနေတာလဲဗျာ..ငူငူကြီးငြိမ်နေပြီး ပြုံးစိစိနဲ့.. ဟင်. ဘာတွေတွေးပြီးကြည်နူးနေတာလဲပြောပါဦး ကိုယ့်ကို.."
"ဂျွန်နဲ့အတူဖြတ်သန်းရမယ့်နေ့တွေကိုတွေးပြီး ပြုံးနေတာပါဂျွန်ရဲ့.."
"နောက်မှဆက်တွေးပါဗျာ.. အခုတော့အောက်ကိုဆင်းရအောင် ကိုယ့်သူငယ်ချင်းတွေရောက်နေပြီ "
နဖူးလေးကိုအနမ်းပေးရင်း စကားဆိုတော့ ယောင်းကခေါင်းလေးညိတ်ပြလေရဲ့။
"သြော် ဆင်းလာသေးတယ်နော်.. ငါတို့ကိုများပစ်ထားပြီလားလို့"
ဂျောင်ကုနှင့်ထယ်ယောင်းတို့အောက်ထပ်ရောက်လာတော့ အရက်ခွက်တွေကိုနေရာချရင်း ယွန်းဂီက နောက်ပြောင်စကားဆိုလိုက်သည်။
"ကိုယ့်သူငယ်ချင်းလေးတွေကိုပစ်ထားစရာလားကွာ ဒါနဲ့.. ဆော့ဂျင်! မင်းရဲ့လူကြီးရော..."
"လမ်းမှာလာနေပြီတဲ့ ..."
"လာ..ယောင်း .. ယောင်းကဒီဘေးမှာထိုင်"
ထိုင်ခုံလေးကိုဆွဲပေးပြီး ယောင်းကိုနေရာချပေးတော့ ဆော့ဂျင်ကဂျောင်ကုကိုမျက်စောင်းလှမ်းထိုးသည်။
"အမလေးနော်... ဂျောင်ကုတို့အဖြစ်သည်းနေလိုက်တာများ.. အဂျွန်းရေ!! မြန်မြန်လာပါတော့ ဒီမှာဆာ့ဆော့လေးမျက်နှာငယ်နေရတယ်.. အဟင့်..."
"ဟိတ်ကောင်!.. မင်းအသံပြဲကြီးနဲ့မအော်စမ်းနဲ့ နားငြီးလို့... ရုပ်ကြမ်းကြီးနဲ့နွဲ့နေတယ်.. "
ယွန်းဂီကရုပ်တည်နဲ့အော်လိုက်တော့ ပွစိပွစိပြန်ပြောနေတဲ့ဆော့ဂျင်ကိုကြည့်ပြီး ဂျောင်ကုနဲ့ထယ်ယောင်းကရယ်သည်။