Zawgyi
ထယ့်ကိုပိုင်ဆိုင်ရပြီလို့ထင်ခဲ့ပေမယ့် တကယ်က ထယ်နဲ့ကိုယ်နဲ့ဟာအဝေးဆုံးသူတွေဖြစ်ခဲ့ကြတယ်။
ပိုင်ဆိုင်ချင်လွန်းလို့ဘေးကနေအမြဲလိုက်နေခဲ့တာဟာ နောက်ဆုံးတော့ဆုံနိုင်ခြင်းမရှိတဲ့မျဉ်းပြိုင်နှစ်ခုလိုပဲ ဝေးကွာခဲ့ကြရပြီ။
ကလေးတစ်ယောက်လိုနှစ်လိုဖွယ်ကောင်းတဲ့ ထယ့်ကိုချစ်လွန်းလို့တွယ်ကပ်နေပေမယ့် ထယ်ဟာအရင်ကတည်းကသူ့အပေါ်ခပ်တန်းတန်းသာဆက်ဆံခဲ့သည်။
မျက်နှာသာမပေးခဲ့တာတောင်မှ ရှေ့ဆက်တိုးခဲ့မိတဲ့ကိုယ်ဟာ ထယ့်အမုန်းတွေနဲ့ပဲထိုက်တန်ပါတယ်ထယ်...။
ကိုယ်ချစ်ရတဲ့ပန်းလေးညှိုးနွမ်းမှာကို မလိုလားတာမို့ ဝေးနိုင်သမျှအဝေးဆုံးကိုကိုယ်ထွက်သွားပေးပါ့မယ်ထယ်....။
ကိုယ်တို့ဒီဘဝမှာဆုံသမျှကံက ဒီလောက်နဲ့ပဲရပ်တန့်ရပြီထင်ပါရဲ့...။
ချစ်ရတဲ့ထယ် ကိုယ့်ကိုမေ့နိုင်ပါစေ...။
ကိုယ်ကတော့ထယ့်ကိုသက်ဆုံးတိုင်လွမ်းဆွတ်ခြင်းနဲ့သတိရနေမယ်.....။
ကော့စင်းသောမျက်တောင်စိပ်စိပ်တို့ဝန်းရံ၍ ဝိုင်းစက်စက်မျက်လုံးလှလှဆီမှ ကြေကွဲခြင်းမျက်ရည်တို့သည် ဗီလင်၏ပါးပြင်အိအိပေါ်တလိမ့်လိမ့်ကျဆင်းသည်။
luggageအပြာလေးကိုလက်တစ်ဖက်ကကျစ်ကျစ်ပါအောင်သယ်ဆောင်ရင်း ဗီလင်ဟာ Cambridgeမြို့ကနေအပြီးပိုင်ထွက်ခွာခဲ့သည်။
ကျောပြင်ကျယ်ကိုငေးကြည့်လျှင် ဗီလင်၏ဝမ်းနည်းမှုကိုခံစားမိနိုင်ပါသည်။
သွားတော့ဗီလင်ငယ်......
ကြေကွဲခြင်းနဲ့ပဲ မင်းကလိုက်ဖက်ပါတယ်..
ဝေးရာကိုသာပျံသန်းလိုက်ပါ.....
~~~~~~~~~~~~~~~~~~~~~~~~~
"ဂျွန်းဟျောင်း... ထယ်ကခုဆိုမသန့်ရှင်းတော့ဘူးနော်.."
သိမ်ငယ်စွာပြောလာသောထယ်လေး၏အသံတို့သည်တုန်ယင်လျှက်...
"အဖြူရောင်ပေါ်ကို အရောင်မှိန်လေးတစ်ခုစွန်းထွန်းရုံနဲ့လုံးလုံးမသန့်ရှင်းတော့ဘူးလို့ တပ်အပ်မပြောနိုင်ဘူးလေထယ်ငယ်.....