ep-24

2.8K 279 18
                                    

Zawgyi

"ထယ်လုံးဝသဘောမတူနိုင်ဘူး...ဟင့်အင်း..apa..ထယ်လက်မခံနိုင်ဘူး.."

ဂျွန်အိမ်တော်တွင် ဂျောင်ကု၏ဆုံးဖြတ်ချက်ကိုအသည်းအသန်ငြင်းဆန်နေသောထယ်ယောင်း။

"ယောင်း...!! "

"ထယ်လေး.!!"

"ဂျောင်ကု...ငါလက်မခံဘူးနော်..ဟင့်အင်း..ငါသဘောမတူဘူး.."

အကြောက်အကန်ငြင်းဆန်နေသောယောင်း၏ပခုံးလေးကိုညင်သာစွာဆုပ်ကိုင်ရင်း စိတ်ငြိမ်အောင် ခဏစောင့်လိုက်သည်။

"ကိုယ်တို့စကားခဏပြောဖို့လိုပြီထင်တယ်ယောင်း..._apa .!..apaကကုမ္ပဏီကိုပဲအရင်သွားနှင့်လိုက်ပါ..ယောင်းနဲ့ကျွန်တော်ကပြီးရင်လိုက်လာခဲ့ပါ့မယ်.."

"အင်း...ကောင်းပြီလေ..ဒါဆို..apaအရင်သွားနှင့်လိုက်မယ်."

ယောင်းရဲ့လက်သွယ်သွယ်ကိုဆုပ်ကိုင်ကာ သူ့အခန်းထဲကိုဆွဲခေါ်သွားသော သားနှစ်ယောက်ကိုကြည့်ပြီး ဂျောင်မင်းပြုံးကာခေါင်းခါလိုက်သည်။

"တကယ်မလွယ်တဲ့ကလေးနှစ်ယောက်..ဟား..."

တစ်ဖက်ကဂျောင်ကုကတော့ ထယ်ယောင်းနားဝင်အောင်ဖြောင်းဖျနေရှာသည်။

"ယောင်း..ကိုယ့်ရဲ့မျက်လုံးကိုအကြည့်မလွှဲဘဲဖြေပေးပါ...ယောင်းလည်းကိုယ့်အပေါ်ခံစားချက်ရှိတယ်မလား...ဟင်..."

ဂျွန်ရေ...မင်းရဲ့စကားတွေကငါ့ကိုဝမ်းနည်းစေဖို့ပဲရည်ရွယ်လေသလား......

ဂျွန့်ရဲ့စကားတစ်လုံးချင်းစီကယောင်းရဲ့နှလုံးသားကိုတဆစ်ဆစ်နဲ့နာကျင်ဝမ်းနည်းစေတယ်ဂျွန်ရယ်.....

"ဖြေပါယောင်း...ကိုယ့်ကိုချစ်တယ်မလားဟင်.."

ပုလဲဥတို့ဝေ့သီရာမျက်ဝန်းငယ်က သူပြောတဲ့အမိန့်တော်အတိုင်းအကြည့်မလွှဲဘဲခေါင်းလေးညိတ်ပြရှာသည်။

"ယောင်းရယ်...အဲ့ဒါနဲ့များကိုယ့်ကိုဘာလို့ငြင်းနေရတာလဲကွာ..."

"ငါကြောက်တယ်...ဂျောင်ကု..မင်းမသိသေးတဲ့အကြောင်းတွေရှိသေးတယ်.."

"သိတယ်....ကိုယ်အားလုံးသိတယ်..."

"ဂျောင်-ဂျောင်ကု...."

𖣘 MEMOIR 𖣘 ( completed )Donde viven las historias. Descúbrelo ahora