Zawgyi
စူးရှရှ၊ချိုအီအီဝိုင်နီတစ်ခွက်က မူးဝေထိုင်းမှိုင်းခြင်းအာနိသင်ကိုမပေးနိုင်ပေမယ့် ရီဝေဝေခံစားချက်ကိုတော့ ပေးစွမ်းနိုင်ပေသည်။
စားပြီးသားပန်းကန်တို့ကိုဆေးကြောရန်ယူဆောင်သွားသော ထယ်ယောင်း၏ကျောပြင်ငယ်ကိုကြည့်ရင်းဂျောင်ကု မသက်မသာသက်ပြင်းချလိုက်သည်။
ပြောင်းလဲသင့်သလိုပြောင်းလဲနေတဲ့လောကကြီးမှာ ထယ်ယောင်းဆိုတဲ့ကောင်ငယ်လေးနှင့်သူ၏ဆက်ဆံရေးက ဘာကြောင့်များခုထိအေးစက်နေရသေးတာလဲ။
ကန်ရေပြင်လေးနိုးထလာဖို့ ဘယ်လောက်ပဲကြီးမားတဲ့အစိုင်အခဲတွေနဲ့လှုပ်နှိုးနှိုးပြီးကြိုးစားနေပါစေခဏကြာရင် ကန်ရေပြင်ကပြန်ပြီးတည်ငြိမ်သွားတတ်ပြန်သည်။
ဘေစင်တွင်ပန်းကန်ဆေးနေသောထယ်ယောင်းငယ်၏နောက်ကျောကနေသိုင်းဖက်ရင်း အလွမ်းတို့ကိုဖြေလျော့ကာကိုယ်သင်းရနံ့လေးကိုဖြည်းဖြည်းချင်းရှူရှိုက်သည်။
ဒီအနံ့လေးကိုတစ်သက်လုံးစွဲမြဲမှတ်မိနေတော့မှာ....။
ဒီအနေအထားလေးအတိုင်းပဲနေချင်တယ်~~
ဒီအနေအထားလေးကနွေးထွေးပြီး အသက်ရှူရအဆင်ပြေတယ်~~~
"ဂျောင်ကု"
"လွမ်းနေခဲ့တာ ~~~အများကြီးလွမ်းနေခဲ့တာမို့ ဒီအတိုင်းလေးပဲ..."
ရေစက်ကျသံတို့သာကြီးစိုးသော တိတ်ဆိတ်ခြင်းမီးဖိုခန်းထဲတွင် ခံစားချက်ကိုယ်စီနှင့်တိတ်ဆိတ်နေခဲ့ကြသည်။
"ဒီလောက်ဆို ငါတို့လုံလောက်ပြီထင်တယ်"
ခါးထက်တွင်ရစ်သိုင်းထားသော ဂျောင်ကု၏လက်တို့ကိုဆွဲဖြုတ်ရင်းကသတိပေးလိုက်သည်။
"မလွမ်းခဲ့ဘူးလား ..."
ကြောက်တယ်~~~
တုန်ရီနေတဲ့အဲ့ဒီအသံတွေကို ကြားနိုင်ဖို့လက်မခံနိုင်သေးလို့ ကြောက်တယ်~~~
မျက်နှာချင်းဆိုင်တဲ့အချိန် သနားစရာမျက်ဝန်းတွေနဲ့ဆုံရမှာကို ကြောက်တယ်~~~
"နည်းနည်းလေးတောင်မှမလွမ်းခဲ့ဘူးလား.?
မဟုတ်ဘူး...သတိရမိတဲ့အချိန်တောင်မရှိခဲ့ဘူးလား...?"