Zawgyi
မနက်မိုးလင်းသည်နှင့် ထယ်ယောင်းတစ်ယောက် ချယ်ရီလမ်းကြားကနေစက်ဘီးလေးနင်းကာ တရွေ့ရွေ့သွားနေမိသည်။မနက်ခင်းမို့ ညှင်းသွဲ့သွဲ့လေညင်းက ကလူကျီစယ်လျှက်ရှိပြီး လန်းဆန်းသောစိတ်အစဉ်ကိုဖော်ဆောင်ကျဉ်းသည်။
ချယ်ရီတို့စုံလင်စွာပွင့်ဖူးပြီးခဲ့ပြီမို့ ပွင့်ဖက်လေးများက လေဝေ့ရာလွင့်ပျံပျော်ပါးလျှက်ရှိကြသည်။ပွင့်ဖက်ကြွေတွေကြားတွင် စက်ဘီးလေးကိုညင်သာစွာနင်းကာ နားကြပ်လေးတပ်ပြီး အပြုံးချိုချိုလေးချိတ်ဆွဲထားလိုက်လျှင် တကယ့်ကို ဂန္ဓဝင်ပန်းချီကားချပ်တစ်ခုပမာအသက်ဝင်လိုက်သည့်ဖြစ်ခြင်း။
ချယ်ရီပင်ကြီးအောက်တွင်စက်ဘီးကိုထောင်ထားခဲ့ပြီး Moon Cafe ဆိုသောဆိုင်ထဲသို့ဝင်ခဲ့လိုက်သည်။ဆိုင်အပြင်အဆင်တစ်ဝက်တစ်ပြက်က ဆိုင်ဖွင့်ရန်အဆင်သင့်မဖြစ်သေးသည့်ပုံပေါ်သော်လည်း မီးဖိုသုံးပစ္စည်းများကတော့ စုံလင်လှသည်။
ပစ္စည်းများကိုနေရာတကျချနေရင်းမှ ဆိုင်ကိုအကဲခတ်ကြည့်နေသောသူ့ကိုတွေ့သွားသော ဆော့ဂျင်က အံ့သြစွာမေးလာသည်။
"ဟော ထယ်ယောင်းလာတယ်!"
ဂျင်းပြာရောင်ဘောင်းဘီလေးနှင့် ရှပ်အင်္ကျီအစိမ်းလေးကိုအပေါ်ထပ်အဖြူလေးထပ်ကာ ကျောပိုးလွယ်အိတ်လေးလွယ်လျှက်သားဖြင့်ဆိုင်ထဲသို့ဝင်လာသော ထယ်ယောင်းကြောင့် ဆော့ဂျင် အံ့သြဝမ်းသာစွာမေးလိုက်မိသည်။
"ဘာလို့လဲ ကျွန်တော်လာတာနောက်ကျသွားပြီလားဟင် "
ိစိတ်ပျက်သလိုလေး ဟန်ဆောင်လိုက်တော့ ဆော့ဂျင်ကသဘောတကျရယ်လေသည်။
"ကျွန်တော်က ထယ်ယောင်းကိုပဲအရင်ဆုံးကမ်းလှမ်းရသေးတာပါနော်။ ဒါနဲ့ထယ်ယောင်းမနက်စာစားပြီးပြီလား? "
လေပူတွေမှုတ်ထုတ်ပြပြီး ဆူပုပ်ပုပ်လေးနှင့် စနေသောထယ်ယောင်းက အရင်နေ့ကနှင့်မတူစွာ ရင်းနှီးမှုအငွေ့အသက်တွေပါဝင်နေသည်။
"ကျွန်တော်က ဆော့ဂျင်ရဲ့လက်ရာကိုမြည်းမလို့ဆိုပြီး အစောကြီးထွက်လာခဲ့တာ ဟီးး"