ep-11

3.5K 359 53
                                    

Zawgyi

ညဥ့်နက်လေလေအေးစိမ့်မှုကအသွေးအသားထိအောင်စိမ့်ဝင်လာလေမို့ ထယ်ယောင်းတစ်ယောက် ကိုယ်လေးကိုကျုံ့ကာစောင်ထူထူအောက်ကိုတိုးဝင်၍ပေါင်နှစ်လုံးကြားထဲလက်ကလေးထည့်၍ကွေးနေလိုက်သည်။

မီးအိမ်အလင်းရောင်ကြောင့်မြင်နေရသောအခန်းအပြင်အဆင်က မတူကွဲပြားနေသည်ကြောင့် မှေးစင်းနေသောမျက်လုံးက 'ကလောက်´ဆိုပြီးပြန်ပွင့်လာသည်။

အခန်းကပိုကျယ်ပြီး အဝတ်ဗွီဒိုတစ်လုံးကလည်းပိုနေသည့်အပြင် ထားသိုသည့်ပုံစံကလည်းကွာခြားနေသည်။ပိုပြီးသိသာသည်က ထယ်ယောင်းနေသည့်အခန်းက ပြာစိမ်းစိမ်းလေးနှင့် ဖန်မီးအိမ်ခုံပေါ်တွင်အရွက်ဝိုင်းဝိုင်းအလှပန်းပင်လေးစိုက်ထားသည့် ဖန်အိုးဖြူလေးတစ်လုံးရှိသည်။

ဤအခန်းကဖန်မီးအိမ်ခုံတွင်တော့ ထူးထူးခြားခြားဟူ၍ သားအမိမေတ္တာကိုဖော်ကြူးသောသစ်သားပန်းပုရုပ်လေးတစ်ခုသာရှိသည်။

ဒါကဘယ်သူ့အခန်းလဲ..?
ဂျောင်ကုထားခဲ့ပြီးတော့ လမ်းမှာငါတစ်ယောက်ထဲကျန်ခဲ့တာလေ။ ပြီးတော့.... ပြီးတော့....ဆိုင်ကယ်တစ်စီးအနားလာရပ်တယ်။ဟုတ်တယ်။အဲ့ဒါကဂျောင်ကုဆိုင်ကယ်နဲ့အတော်လေးတူတယ်။ အဲ့နောက်ပိုင်း အဲ့နောက်ပိုင်း ဘာထပ်ဖြစ်ခဲ့တာလဲ?။ ဒီအိပ်ယာပေါ်ရော ဘယ်လိုရောက်နေခဲ့တာလဲ ...?မဟုတ်မှ.....မဟုတ်မှလွဲရော  ဂျောင်ကုက - ဂျောင်ကုက လာပြန်ခေါ်တာလား?
ဒါပေမယ့် ဂျောင်ကုကထားခဲ့ပြီးမှ ငါ့ကိုပြန်လာခေါ်မယ်တဲ့လား..? ဂျီမင်းများလား ...? မဖြစ်နိုင်တာ ဂျီမင်းကဆိုင်ကယ်မှမမောင်းတတ်တာကို ...။

~~~~~ဂြီ~^<3<¿´^~~~~~

အတွေးနှင့်ပတ်ချာလည်နေတုန်း ဗိုက်ထဲကအကောင်ကလည်း ဆာလောင်မှုကိုဖော်ပြသည့်အနေဖြင့် အသံပေါင်းစုံထွက်ပေါ်၍လာသည်။ခြေထောက်ကိုဖွဖွနင်းကာ တံခါးကိုအသံမမည်အောင်တွန်း၍ဖွင့်လိုက်သည်။

"အိစ်.. ချမ်းလိုက်တာ "

လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး နားရွက်တွင်အုပ်ကာအပူငွေ့ပေးတော့ နည်းနည်းလေးနွေးသယောင်တော့ရှိသည်။ကိုယ့်အင်္ကျီကိုယ်ပြန်ကြည့်တော့ မနက်ကဝတ်ထားသည့်အတိုင်း။

𖣘 MEMOIR 𖣘 ( completed )Donde viven las historias. Descúbrelo ahora