ep-19

3.1K 296 11
                                    

Zawgyi

ကြေကွဲနေရတာတွေမင်းကိုမသိစေချင်ဘူး။
အဲ့ဒီလိုပြောလို့မင်းကိုမချစ်ဘူးလို့လည်းမထင်စေချင်ပြန်ဘူးဂျောင်ကုရယ်......။

ယုံကြည်ဖို့ခက်ခဲတဲ့အခြေအနေကိုရောက်ရင်မင်းရောဘယ်လိုဆုံးဖြတ်မှာလဲ...။အဆုံးအစွန်ထိငြင်းနေဦးမှာလား...အမှန်တရားကိုရှောင်လွှဲပြီးထွက်ပြေးမှာလား..ရင်နာနာနဲ့လက်ခံမှာလား...ငါတကယ်သိချင်တယ်ဂျောင်ကု။

မပိုင်ဆိုင်ရလည်းချစ်နေလို့ရသေးတယ်မလား....အဖြူထည်သံယောဇဉ်နဲ့ပဲငါတို့ရှေ့ဆက်လို့ရသေးတယ်မလား....။

ငါ့အပေါ်ရင့်သီးစွာဆက်ဆံခဲ့တဲ့မင်းကိုမှငါဘာလို့သံယောဇဉ်တွယ်မိပါလိမ့်။မင်းနည်းနည်းလေးကြင်နာပြတာနဲ့ ယိမ်းယိုင်ချင်တဲ့စိတ်ကိုထိန်းချုပ်ရတာခက်လိုက်တာ...။

ကောင်းကင်ပြာကနေပျံသန်းသွားသောလေယာဉ်ပျံကိုတမေ့တမောငေးကြည့်ရင်း မျက်ရည်ကြည်တစ်ပေါက်ကမြေပြင်ပေါ်သို့ကျဆင်းသည်။ဒါကငါ့ရဲ့လွမ်းဆွတ်ခြင်းနဲ့နောင်တ။ 

မင်းရဲ့အမုန်းတွေကိုခံယူတုန်းကခံနိုင်ရည်ရှိသလောက် မင်းရဲ့ကြင်နာမှုကိုခံစားမိကာမှနာကျင်လိုက်တာ...။

"ထယ်ယောင်း!!"

"ထယ်ယောင်း!!!!"

အနောက်ကနေအော်ခေါ်ရင်းပြေးလာနေသော ဗီလင်ဇီးနာ။အနားကိုရောက်ရောက်ချင်းမျက်နှာကိုသေချာကြည့်ကာ အမေးအမြန်းထူတော့မယ်ဆိုတာ ထယ်ယောင်းသိလိုက်သည်။

"အို....ငိုနေတာလား"

"အာ... မငိုပါဘူး ။ ဒီနေရာကိုဘယ်လိုသိတာလဲ.."

"ကိုယ်ကထယ့်ရဲ့အရာရာတိုင်းကိုသိဖို့ကြိုးစားနေတဲ့သူလေ..... ဟဲဟဲ~~.."

စကားပြောလျှင်အနှောင်အသွားမလွတ်ပြောတတ်သော ဗီလင်ဇီးနာကိုထယ်ယောင်းစိတ်ပျက်မိပါသည်။

အင်္ဂလိပ်လူမျိုးမို့စကားပြောတာပွင့်လင်းမှန်းသိသော်လည်း အရင်ကနှင့်မတူစွာသူ့အပေါ်ပြောင်းလဲလာသောဗီလင့်အပေါ်ထယ်ယောင်း ခပ်ချေချေသာဆက်ဆံတော့သည်။

"ဗီလင်.. စကားကိုအနှောင်အသွားလွတ်အောင်ပြောနော် ငါမကြိုက်ဘူး.."

𖣘 MEMOIR 𖣘 ( completed )Donde viven las historias. Descúbrelo ahora