ep-13

3.2K 323 24
                                    

Zawgyi

ဆိုးလ်အထူးကုဆေးရုံရှေ့သို့ရောက်သည်နှင့် အလောတကြီးပြေးဝင်သွားသောထယ်ယောင်းနောက်ကို ဂျောင်ကုအမြန်ပြေးလိုက်ရသည်။တခုခုထိခိုက်မိမှာစိုး၍ စိုးရိမ်စိတ်နှင့်လိုက်ခဲ့သော်လည်း ဂျောင်ကု၏ခြေလှမ်းတို့သည် အခန်းပေါက်ဝရှေ့တွင်သာရပ်တန့်ခဲ့ရသည်။

တရားဝင်ယူထားသောမိန်းမ၏နာရေးတွင်တောင်မျက်နှာမကောင်းရုံသာရှိခဲ့သော သူ၏apaက ဆေးရုံကုတင်ပေါ်ရှိအခြားမိန်းမတစ်ယောက်၏ဘေးတွင်ထိုင်ကာ အားပေးနှစ်သိမ့်စကားများပြောပြီး ဝမ်းနည်းနေသည်ကိုမြင်ရတာဂျောင်ကုအတွက်တော့ ရင်နာစရာမြင်ကွင်းဖြစ်သည်။

အခန်းထဲသို့လှမ်းနေသောဘယ်ဘက်ခြေထောက်ကို နောက်သို့ပြန်ဆုတ်ကာတစ်စုံတစ်ယောက်အားထားရှိရာနေရာဆီဦးတည်ခဲ့သည်။

လွမ်းဆွတ်ခြင်းကိုဖော်ပြသည့်အနေဖြင့်နှင်းဆီပန်းအဖြူရောင်လေးတစ်ပွင့်ကို နာမည်ကမ္ဗည်းတိုင်လေးရှေ့တွင်ညင်သာစွာချလိုက်သည်။

"oma -   လွမ်းတယ်  ~~
omaရဲ့ရင်ခွင်နွေးနွေးကိုရော ၊ omaရဲ့အချစ်တွေပြည့်နေတဲ့မျက်ဝန်းနဲ့ကြည့်တတ်တဲ့အကြည့်တွေကိုရော~~~

ကောင်းကောင်းနေနေတယ်မလား ....?
ပြီးတော့ ကျွန်တော့ကိုရောကြည့်နေရဲ့လား omaနေတဲ့ကောင်းကင်ဘုံကနေလေ ,"

ကြေကွဲစွာဆို့နင့်၍ထွက်ပေါ်လာသောစကားတို့ကိုရပ်တန့်ကာနာမည်ကမ္ဗည်းတိုင်ဖြူဖြူလေး၏နောက်ကျောတွင် ဒူးတစ်ချောင်းကိုထောင်ပြီးထိုင်ကာ စိတ်ပျက်လက်ပျက်ငိုကြွေးနေမိသည်။

တစ်ယောက်ထဲအထီးကျန်တယ်လို့ခံစားရတဲ့ ဒီလိုခံစားချက်မျိုးကို ဂျောင်ကုမုန်းပါသည်။

လွတ်မြောက်ဖို့ကြိုးစားတိုင်း ပိတ်လှောင်ခြင်းသာခံရသော မွန်းကြပ်မှုမျိုးကို ဂျောင်ကုမုန်းပါသည်။

ပြေလည်ပြီထင်ရသောဆက်ဆံရေးသည် ပြန်လည်အေးစက်သွားမည်ကိုလည်း ဂျောင်ကုစိုးရိမ်ပါသည်။

အမျိုးအမည်မသိသောခံစားချက်တို့ကို အဖြေရှာရသည်မှာလည်း ဂျောင်ကုအတွက်ခက်ခဲသောပုစ္ဆာတစ်ခုကိုဖြေရှင်းရသည်နှင့်တူပါသည်။

𖣘 MEMOIR 𖣘 ( completed )Onde histórias criam vida. Descubra agora