ep-34{final}

5.2K 310 97
                                    

Zawgyi

" apa ဒါဆို ကျွန်တော်ပြန်တော့မယ်.. apaလည်းကျန်းမာရေးဂရုစိုက်နော်.. ပြီးတော့ ကျွန်တော်တို့လည်းမကြာမကြာလာလည်ပါ့မယ်."

"အင်းအင်း... ကလေးနဲ့ကိုဂရုစိုက်ပြန်ဦးသားငယ်... အင်း.. ခုလိုကျပြန်တော့လည်း သားထယ်ကိုလွမ်းလိုက်တာ.."

ဂျောင်မင်း၏ သတိတရတမ်းတမှုနောက်တွင် မျက်နှာမကောင်းတော့သောဂျောင်ကု။ ဘယ်သူမဆိုကိုယ့်မိဘအိမ်ပြန်ရင် မိသားစုစုံစုံလင်လင်နဲ့ပြန်ချင်ကြတာပေါ့။

"အာ..  ပါး... အာ.. ပါး"

အဘိုးဖြစ်သူလက်ထဲကနေ အာပါးဆိုပြီးမပီမသခေါ်နေသောသားဖြစ်သူအသံကြောင့် အတွေးတို့ကိုတန်းလန်းရပ်တန့်လိုက်ရသည်။ လက်နှစ်ဖက်ကိုဆန့်ပေးထားတဲ့သားငယ်က သူ့ကိုချီခိုင်းနေပြီ။ အိမ်ပြန်ချင်ပြီဆိုတဲ့သဘော.။

တစ်နှစ်ကျော်ပဲရှိသေးတဲ့သားငယ်လေးက ဖြစ်ချင်တာကိုလက်ဟန်ခြေဟန်နှင့်အကုန်ပြောပြတတ်နေပြီ။

"  apa ရဲ့ယောင်းဂုလေးအိမ်ပြန်ချင်နေပြီလား.. ဟုတ်လား.."

"..အဲ့.. အာ..ပါး.."

ခေါင်းလေးညိတ်ပြပြီး လက်ကလေးတကားကားနဲ့အတင်းချီခိုင်းနေတဲ့ ဂျွန်ယောင်းဂုလေး။

ဖောင်းကစ်နေတဲ့ပါးလေးနှစ်ဖက်က ပန်းရောင်သန်းနေပြီး ခိုးခိုးခစ်ခစ်ရယ်လိုက်တိုင်း ပါးချိုင့်လေးကခွက်ဝင်သွားသေးသည်။

အပေါ်သွား၊အောက်သွားနှစ်ချောင်းစီသာပေါက်သေးတဲ့သားငယ်လေးက စားစရာတွေ့လျှင် လက်ဝါးလေးဖြန့်ပြီးတောင်းတတ်နေပြီ။

တောက်ပတဲ့မျက်လုံးတစ်စုံနဲ့ ဖြောင့်စင်းတဲ့နှာခေါင်းလေးကိုလည်းသားငယ်ကယောင်းဆီကနေအမွေရထားသေးသည်။

ပူကစ်နေတဲ့ဗိုက်လုံးလုံးလေးကို အလျော့မခံအောင်အစားကောင်းကောင်းစားနိုင်သောသားငယ်က အိပ်ချိန်ရောက်လျှင်တော့ သူ့ဗိုက်ပေါ်မှောက်တက်အိပ်ရမှအိပ်ပျော်တတ်သည်။

အဖေဖြစ်သူကိုနှုတ်ဆက်ပြီး သားအဖနှစ်ယောက် စကားတွေပြောရင်းပြန်လာခဲ့ကြသည်။ကားစီးရင်းမအိပ်တတ်တဲ့အကျင့်ကိုတော့ ယောင်းဂုကသူ့ဆီကနေရထားသည်။

𖣘 MEMOIR 𖣘 ( completed )Où les histoires vivent. Découvrez maintenant