ep-31(warning⚠️)

3.3K 260 14
                                    

Zawgyi




ခုညနေခင်းကောင်းကင်ကြီးက တိမ်တွေရှင်းပြီးပြာလွင်နေတယ်။

အနောက်တောင်ဘက်ကတိုက်လာတဲ့လေပြေသွဲ့သွဲ့က ကဗျာဆန်ပြီးအေးမြနေတယ်။

လမ်းတလျှောက်ကသစ်ပင်မြင်ကွင်းတွေစိမ်းလန်းနေပေမယ့် ကိုယ့်ရင်တွေပူနေသလိုပဲ ယောင်း...။ တစ်စုံတစ်ခုကိုကြောက်ရွံ့နေသလိုမျိုး၊ တခုခုကိုတွေးပူနေသလိုမျိုး ကိုယ့်စိတ်တွေလေးလံနေတယ်ယောင်းရယ်....။

အိမ်ခြံဝင်းထဲကားဝင်လာတာနဲ့ အိမ်ထဲကနေပြေးထွက်လာတဲ့သူ့ရဲ့ယောင်း...
မီးဖိုခန်းထဲကနေပြေးလာတာထင်ပါရဲ့ လက်ထဲမှာလဲအကြော်ဇွန်းကြီးကိုကိုင်လို့..

"ချော်လဲဦးမယ်ယောင်းရယ်.. ဘာလို့ပြေးလာရတာလဲ"

သူကသာစိတ်ပူနေတာ ယောင်းကတော့ပြုံးရွှင်လို့။ ဒီကလေး ဘာတွေများသဘောကျနေတယ်မသိဘူး။

"ကားသံကြားလို့ပြေးထွက်လာတာ.. ဟီးး"

ပြောလည်းပြော ရင်ခွင်ထဲကို 'အင့်'ခနဲပစ်ဝင်လာတဲ့ယောင်း... ။

"ဂျွန့်ချွေးနံ့ကိုကြိုက်တယ်"

သူ့ရင်ဘတ်ကိုခွေးပေါက်လေးလိုတရှုံ့ရှုံ့နမ်းနေတဲ့ယောင်းကလေ တကယ်ကိုအူယားအောင်သိပ်လုပ်တတ်တာ။

ပင်ပန်းသမျှက ယောင်းနဲ့သာတွေ့ရင်ဘယ်ဆီလွင့်စင်သွားမှန်းကိုမသိတာ။

"ယောင်းကခွေးပေါက်လေးလား .. ပြော"

"ဂျွန့်ရဲ့ခွေးပေါက်လေးလေ.. အင်မ်ဟင်း.."

အင်မ်ဟင်း'တဲ့.. ဘယ်လိုလေးတောင်ပြောလိုက်တာလဲ။

"အော်ဟော်.. ကြည့်.. အသည်းယားလို့ကိုက်စားမိတော့မှာပဲ..။ ကိုယ့်ကလေးလေးအခုတလောသိပ်ချွဲလာတယ်နော်.."

"အဲ့တော့..ဂျွန်ကမကြိုက်ဘူးလားပြော.."

"အင်း.. ရူးတော့မလိုပဲ..."

ရင်ဘတ်လေးကိုဖိပြီး ခံစားမှုအပြည့်နဲ့ပြောလိုက်တော့ယောင်းကသဘောတကျရယ်တယ်.. ရယ်သံလေးကအစချစ်ဖို့ကောင်းလွန်းတယ်ယောင်းရယ်။

"ယောင်းရဲ့ယောက်ျားကစကားသိပ်တတ်ပဲ.. ရေချိုးတော့သွား.. စားဖို့ပြင်ထားလိုက်မယ်"

𖣘 MEMOIR 𖣘 ( completed )Où les histoires vivent. Découvrez maintenant