ep-4

3.7K 388 16
                                    

Zawgyi

Jung Kook တစ်ယောက်မနက်စောစောစီးစီး အားကစားလုပ်ပြီးပြန်လာတော့ အိမ်ရှေ့တွင်ရပ်ထားသော သူ့apaကားကိုတွေ့လိုက်ရသဖြင့် အံ့သြသွားပြီးမျက်ခုံးတစ်ဖက်ပင့်တင်ကာအိမ်ထဲဝင်လာခဲ့လိုက်သည်။

အရင်နေ့တွေတိုင်းမိုးမလင်းခင်ကုမ္ပဏီကိုအစောသွား၊ညဥ့်နက်မှပြန်လာတတ်သော apaက ဒီနေ့မှအိမ်တွင်ရှိနေသည်က ထူးတော့ထူးဆန်းသည်။အရင်ကတည်းကapa
ကိစ္စတွေဆို စိတ်ပါဝင်စားခြင်းမရှိခဲ့သောေ
ကြာင့် ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ မီးဖိုခန်းထဲသာဦးတည်သွားပြီး အမောပြေရန်ရေအေးအေးကို တစ်ကျိုက်ချင်းမော့ချလိုက်သည်။

ကျောင်းတက်ရဦးမည်ဖြစ်သည်ကြောင့် အခန်းထဲဝင်ပြီးရေချိုးပြင်ဆင်ရန် အပေါ်ထပ်တက်ဖို့ပြင်လိုက်သည်။ဧည့်ခန်းကိုဖြတ်ကျော်
ကာအပေါ်ထပ်တက်ရန်လှေကားဆီခြေလှမ်းရုံရှိသေး နောက်မှapaခေါ်သံကြောင့် နောက်ပြန်လှည့်ခဲ့ရသည်။

"Jung Kook လာဦးသား "

ဧည့်ခန်းဆိုဖာထက်တွင်apaတစ်ယောက်
ထဲမဟုတ်ဘဲအမျိုးသမီးတစ်ယောက်ပါတွေ့
လိုက်ရသည်ကြောင့် မျက်ခုံးတစ်ဖက်ကိုတွန့် ချိုးကာ ဝင်ထိုင်လိုက်သည်။

"ဒါက Kim Innieတဲ့ ဒီနေ့ကစပြီး apa
တို့နဲ့အတူနေမှာ ကျန်းမာရေးမကောင်းတော့ အိမ်မှာလည်းသူ့သားလေးကျောင်းသွားရင်တစ်ယောက်ထဲနေခဲ့တော့အဆင်မပြေမှာစိုးလို့ ကူညီစောင့်ရှောက်တဲ့အနေနဲ့ခေါ်လာတာ။အဲ့ဒါသားကိုapaကအသိပေးတာ"

သူသိတတ်စအရွယ်ကတည်းက မိသားစုကိုပစ်ထားပြီးအလုပ်မှအလုပ်ဖြစ်နေသော apaက....။

သူ့မွေးနေ့ရောက်တိုင်း omaနဲ့ပဲမွေးနေ့ကိုဖြတ်ကျော်ပြီး apaပြန်လာနိုးနိုးနဲ့မအိပ်ဘဲစောင့်နေခဲ့တဲ့သူ့ကို ပစ်ထားခဲ့တဲ့apaက......။

ညတိုင်းညဥ့်နက်မှပြန်လာပြီး မျက်ရည်မျက်
မိုးနှင့် သူတို့သားအမိပေါ်အချိန်ပေးရန်တောင်းဆိုတတ်တဲ့ omaကို အော်ငေါက်ပြောဆို
ပြီး လျစ်လျှူရှူ့ခဲ့တဲ့ apaက.......။

omaရဲ့နောက်ဆုံးအချိန်လေးမှာတောင်အလုပ်ကိုပဲအလေးထားပြီး နောက်ဆုံးထွက်သက်အထိရောက်မလာခဲ့တဲ့apaက....။

𖣘 MEMOIR 𖣘 ( completed )Wo Geschichten leben. Entdecke jetzt