Part 9

19.7K 2.5K 136
                                    

<Unicode>

အားနာရင် ခါးပါတတ်တယ်တဲ့။
သူ့အတွက်တော့ ဒါဟာပြဿနာကြီး
ဖြစ်လာမယ် မထင်ခဲ့မိဘူး။

နှမြောဒေါသ

ရုံးဆင်းချိန်ကား နီးနေလေပြီ။ 

Ice တစ်ယောက်မှာ Laptop နှင့် တတောက်တောက် ရိုက်နေဆဲ။ နေ့လည်က မသီရိနှင့်တိုင်ပင်ခဲ့သည့် Survey Questionnaire  များအား အချောပြန်ပြင်နေရသည်။ မလုပ်၍လည်းမရ။ မနက်ဖြန် အစည်းအဝေးအတွက် ဒီနေ့အပြီးသတ်ထားမှရမည်။

Ice တစ်ယောက် တကုပ်ကုပ်နှင့် စာပြင်နေချိန် သူ့ရှေ့တွင်ကူနေသော စိမ်းမှာ အာရုံသိပ်မရလှ။ ခဏခဏ လင်းလာသော ဖုန်း screen ကိုသာ ငေး,ငေးကြည့်နေသည်။ မျက်နှာတွင်လည်း အနည်းငယ် ကြောင့်ကြနေဟန်ရှိတာမို့ Iceမှာ မနေနိုင်တော့။

"စိမ်း ဘာဖြစ်လို့လဲ။"

ဖုန်းကိုလှမ်းငေးနေသော စိမ်းက ဆတ်ခနဲတုန်သွားသည်။ အလုပ်ချိန်တွင် အာရုံလွင့်နေခြင်းမလား။ အပြစ်ရှိသည့်စိတ်နှင့် Iceကို ကြည့်မိချိန်၌ သူ့အားစိတ်ပူနေသည့်ဟန်။ မမခင်လို အထက်လူကြီးသာဆိုလျှင် သူ အတော်ပွါးခံလိုက်ရမည့်ဖြစ်ခြင်း။

"ဟဲ ဘာမှမဖြစ်ဘူး။"

သူ့အဖြေကို Iceက ကျေနပ်ပုံမပေါ်။ ထိုအချိန် အလိုက်မသိစွာ ထပ်လင်းလာသည့် ဖုန်းscreenအား Iceက မျက်ခုံးတစ်ချက်ပင့်ပြသည်။ အကြောင်းအရင်းအား ပြောစေချင်သည့်နှယ်။

"Group chat ထဲမှာ နီ နဲ့ ဝါ ပို့နေကြလို့ပါ။ ဒီညနေ ရုံးဆင်းရင် သွားကဲကြမလို့တဲ့။ ဟီး။"

အနည်းငယ် ရင်းနှီးနေပြီဖြစ်သည့် သူ့အထက်လူကြီးလေးအား စိမ်းက သွားလေးဖြီးကာ ရှင်းပြရှာ၏။

အရေးကြီးကိစ္စထင်သွားသော Iceမှာ ထိုတော့မှ စိတ်ပေါ့သွားသည်။ လက်အောက်ဝန်ထမ်း၏ အရေးကြီးကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေလျှင် သူ့အတွက် ပြန်လွှတ်ဖို့ တာဝန်ရှိသည်မဟုတ်လား။

"ဪ .. ကောင်းလိုက်တာ။ Hang out လုပ်ကြမယ်ပေါ့။ ဘယ်သွားကြမှာလဲ။"

Laptop screen အား မျက်နှာမလွှဲ၊ စာရိုက်မပြတ်ပါဘဲနှင့် စိမ်းအား သူ ပြန်မေးလိုက်ခြင်း။ ရုံးချိန်အပြီး အိမ်ပြန်ရသည်ထက် အဖော်မက်သည့် Iceက အပြင်သွားရတာမျိုးကို နှစ်ခြိုက်သည်။ အရင်ရုံးချုပ်တွင်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် ပျော်ပါးစားသောက်ကြသည်ကို သူအောက်မေ့နေမိ၏။

Eyes On Me Where stories live. Discover now