Fan Art (Extra)

12.4K 910 78
                                    

Guess, who are they?

<Unicode>

အတိတ်ရှိရာ
မရောက်တာကြာ၊
ဟိုသည်ဝေ့ဝဲ
ကြည့်ရှူငေးဆဲ၊
ခင်မင်သူထ
ခွန်းနှုတ်ဆက်ကြ၊
အမှတ်ရယ်ရ
အိုး ... ဆွေးတမြမြ။

Star Hub သို့တစ်ခေါက်...

မရောက်တာငါးနှစ်ကြာပြီဖြစ်သော ဤနေရာ၊ ဤကုမ္ပဏီ။ လမ်းမပေါ်ကဖြတ်သွား၍သော်လည်းကောင်း၊ ကားရပ်နားရာ အခုအရှေ့ထိ တစ်ခါတလေပါလာလျှင်လည်းကောင်း ရောက်ဖြစ်ခဲ့ပေမဲ့ ဒါသည်တစ်ခါတရံမျှသာ။ ထိုအချိန်တွေက ကုမ္ပဏီထဲ ပြန်ဝင်စရာမလို၍ စိတ်ဖိစီးမှုသိပ်မဖြစ်ခဲ့။ အခုတော့ ဝန်ထမ်းဟောင်းတစ်ယောက်အနေဖြင့် နှစ်ချီကြာမှပြန်ဝင်ရမည်ဆိုတော့ ဇောချွေးတွေတောင် ပြန်လာလေပြီ။  Hyundai ကားလေး၏အဲကွန်းလ်ကလည်း သူ့အားမကူနိုင်မကယ်နိုင်။ တစ်ယောက်တည်း ဝေခွဲမရဖြစ်နေရင်း တစ်ဝက်စီးကာ ပုခုံးပေါ်ဖြန့်ကျဲချထားသော ဆံစတွေအောက်တွင် ချွေးစို့သလိုတောင် ဖြစ်လာသည်။

'သူရိန်ခေတ်ရာ ဘာဖြစ်လဲ။ ဘဲကြီးရုံးခန်း ခဏတက်ပြီး ကိုယ့်မှတ်ပုံတင်ကိုယ်ယူရုံပဲ၊ အလွန်ဆုံးကြာ သုံးမိနစ်ပေါ့။ မင်း ဘာကြောက်စရာရှိလဲ'

တစ်ကိုယ်တည်း တောက်တခေါက်ခေါက်နှင့် အသံထွက်ကာ မြည်တွန်တောက်တီးမိသည်။ ဟုတ်သည်လေ ... ဘာကြောက်နေရမှာလဲ၊ အချိန်လည်းမရှိတော့ပြီ။ မှတ်ပုံတင်ပါမှ ယာဉ်မောင်းလိုင်စင်က သက်တမ်းတိုးလို့ရမှာ။ အဲဒီမှတ်ပုံတင်ကလည်း ခရီးကပြန်လာကတည်းက ဘဲကြီးအိတ်ထဲမှာပဲ သိမ်းထားလိုက်တာ ပြန်ကိုမထုတ်မိ။ ခုလိုလိုင်စင်ရုံးသွားဖို့ရှာတော့မှ သတိရသည့်အဖြစ်။

ဒါမို့ မဖြစ်မနေလာယူရတော့လည်း ဘဲကြီးက Meeting ရှိနေသည်။ အာကာ့ကို အောက်လွှတ်ပေးပါဆိုလည်း ကိုယ့်ဟာကိုယ်တက်ယူလှည့်တဲ့လေ။ ကွိစိကွစထပ်ပြောနေရင်လည်း ဒီဘဲကသူ့ကို သတ္တိကြောင်တယ်ထင်ဦးမည်။ အံ့ဩစရာ၊ ရုံးပေါ်ပြန်တက်ဖို့များ သူ သတ္တိကြောင်မနေပါဘူး။

သည်လိုပဲ ကိုယ့်ကိုယ်ကိုညာပြီး ကားထဲကထွက်လိုက်သည်။ ဝတ်ထားစားထားပုံကို ပြန်စစ်တော့ Passport ပုံဝင်ရိုက်ရမှာမို့ ရှပ်အဖြူကော်လံနှင့် Cord pant အနက်က သိပ်တော့မဆိုးလှ။ Shoe အဖြူကြောင့် ပေါ့ပါးဟန်လည်းရှိသည်။ ကားကိုလော့ခ်ချခဲ့ပြီး ရုံးထဲဝင်မယ်လုပ်တော့ အရှေ့ဂိတ်တဲတွင် ဦးညိုကြီးက သူ့အားမှတ်မိသွားလေပြီ။

Eyes On Me حيث تعيش القصص. اكتشف الآن