BOOK!

4.8K 364 83
                                    


<Unicode>

Notification မြင်ရုံနဲ့ တန်းသိကြမှာပါ။ ဟုတ်ပါတယ် ... Eyes On Me စာအုပ်ပါ။

တကယ်ကြီးထုတ်ခဲ့ရင် အဆင်ပြေပါ့မလား၊ အပိုင်းတွေကလည်း များလိုက်တာ၊ စက္ကူဈေးတွေ ကြီးလာပြီ၊ သိပ်ထူရင် ဈေးတွေများပြီး ဝယ်နိုင်ကြပါ့မလား ... ဒီလိုတွေ အတွေးများပြီး ထုတ်ဖြစ်ဖို့တော်တော်နဲ့ ခရီးမရောက်ခဲ့ပါဘူး။ ကြားထဲကိစ္စတွေလည်းဖြစ်သွားတော့ ကြာသွားသေးတယ်။ နောက်တော့ အစ်မတွေနဲ့ ကလေးတွေလည်း မြင်ချင်ပြီ၊ ဖြစ်စေချင်ပြီ၊ ပူဆာလည်းနေကြပြီမို့ ဖီ အမျိုးမျိုးတွေဝေစဉ်းစားပြီးနောက်တော့ ထုတ်ဖြစ်ဖို့သေချာခဲ့ပါပြီ။

လာမဲ့အောက်တိုဘာလ (၁၀လပိုင်း) အတွင်းမှာ စာအုပ်အဖြစ်နဲ့ ထွက်လာပါလိမ့်မယ်။ စာအုပ်တိုက်ဖက်က တဖြည်းဖြည်းကြေညာပေးမှာဖြစ်သလို ဖီလည်းအဆက်မပြတ်အောင် ပြောပြပေးနေပါမယ်။ Surprise ဆိုပြီး ပျော်စရာ၊ အံ့အားသင့်စရာလေး လုပ်ချင်ပေမဲ့ မုန့်ဖိုးစုချိန်ရအောင် ကြိုပြောပေးပါဆိုတဲ့ ဘေဘီလေးတွေအတွက် မဖီလေးက ကြိုအသိပေးပါတယ်ရှင်။

Eyes On Me ထဲက အစ်ကိုဟန်သာ၊ အကဲလေး Ice၊ ဘဲကြီး Eric၊ ဆံရှည်လေး သူရိန်ခေတ်နဲ့ အခြားသောဇာတ်ကောင်၊ ဇာတ်ကြောင်းအားလုံးဟာ Wattpad မှာ အမြဲဖတ်လို့ရအောင် တင်ထားမှာဖြစ်ပါတယ်။ ဒါမို့ စာအုပ်ဝယ်မှဖြစ်မယ်ဆိုတာမျိုးလည်း ဖိအားမဖြစ်စေချင်ဘူး၊ မြတ်နိုးခြင်းဟာ စာအုပ်လက်ထဲရောက်မှလို့ မသတ်မှတ်စေလိုပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်ခဲ့ရင်လည်း အားမငယ်ပါနဲ့နော်။ Giveaway chance တွေ ဖီ ပေးပါဦးမယ်။

စာအုပ်အတွက်တော့ အတတ်နိုင်ဆုံး ဈေးသက်သာအောင်၊ Quality ကောင်းအောင်၊ တစ်လအတွင်းအရောက်ပို့ပေးနိုင်အောင် စာအုပ်တိုက်နဲ့ဖီ ခေါင်းချင်းဆိုင် ကြိုးစားနေပါပြီ။

မြတ်မြတ်နိုးနိုး လာကမ်းလှမ်းပေးခဲ့ကြတဲ့ စာအုပ်တိုက်အားလုံးကိုလည်း ဖီ မျက်နှာပူပူနဲ့ပဲ ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေရှင်။ တစ်ခုခုကိုရွေးရတဲ့အခါ အဖက်ဖက်ကစဉ်းစားရတော့ အရမ်းခက်ခဲလို့ပါ။ စာဖတ်သူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ လူအများကြီးမသိတဲ့ ဖီ့အရေးအသား၊ ဖီ့ဇာတ်ကောင်လေးတွေကို ဖတ်ပေးကြတာ 500k views ရှိသွားပြီမို့ ဝမ်းသာကြည်နူးနေမိပါတယ်။

Eyes On Me Where stories live. Discover now