Part 31

22.3K 2.2K 546
                                    

<Unicode>


ထိန်းချုပ်လို့ရတဲ့အရာတွေကိုပဲ ထိန်းချုပ်ပါ။
လူသားတွေက စက်ရုပ်မှမဟုတ်ဘဲ။
ခံစားတတ်တဲ့နှလုံးသားနဲ့
ဆင်ခြင်နိုင်တဲ့အသိဉာဏ် ရှိတယ်။


ပိုင်ဆိုင်ခြင်း

"ဘယ်လို! Workplace Romance policy?"

HR မန်နေဂျာမနွယ်၏စကားကြောင့် ဟန်သာ့ခမျာ မျက်လုံးအပြူးသား။ ဒါအလုပ်ခွင်အတွင်း ချစ်ကြိုက်ခွင့်ကို တားမြစ်သည့်မူဝါဒမလား။ သေချာပေါက် သူ လက်မခံနိုင်ပါ၊ Eric လည်း ခွင့်ပြုမှာမဟုတ်။ လုပ်ငန်းတော်တော်များများမှာ မချမှတ်နိုင်သည့် ဒီမူဝါဒကို အပျိုကြီးမနွယ် ဘာတွေကြားလာပြီးပြောနေပါလိမ့်။

ဘုရား .. ဘုရား။

ဧကန္တ သူနဲ့ Ice ကိုများ ရိပ်မိနေပြီလား။ ရည်းစားထားတာ တစ်ပတ်တောင်မပြည့်သေးသည့် ဟန်သာတစ်ယောက် သွေးတက်ချင်လာသည်။

"ဟုတ်တယ် ဟန်သာရဲ့။ ဒီစည်းကမ်းက ချထားမှကိုဖြစ်တော့မှာ။ ဒီရုံးထဲကအတွဲတွေ နိုင်ကိုမနိုင်တော့ဘူး"

"ဘာ .. ဘာများလုပ်ကြလို့လဲဗျာ"

မချင့်မရဲမေးလိုက်မိသည့် သူ့နှုတ်သီးသူ ပြန်ရိုက်လိုက်ချင်သည်။ မနွယ်ကြည့်ရတာ သူနဲ့ Ice အကြောင်းလည်း သိပုံပေါ်သေးတာမှမဟုတ်ဘဲ။ အလကားသွေးပျက်နေလို့မဖြစ်။

"Operation က ရဲရင့်နဲ့ Showroom က သူဇာတို့ ခဏခဏခိုးတွေ့ကြတယ်လေ။ သူတို့ဘာသာ ဘယ်လိုချစ်ချစ် .. ရုံးချိန်မှာ Store ခန်းထဲ ခိုး,ခိုးတွေ့နေလို့တော့ ဘယ်ကောင်းမလဲ။ ဒါကို IT ခန်းကကောင်လေးတွေကလည်း CCTV ကမြင်ကြရက်နဲ့ မနွယ်ကို လာမတိုင်ဘူးလေ။ ခုနကမှ လိုက်ချောင်း ... အဲလေ လိုက်ကြည့်လို့မိတာ။ မနွယ်တို့ အတွဲတွေကိစ္စ တစ်ခုခုလုပ်မှဖြစ်တော့မယ်"

အင်း .. အပျိုကြီးနဲ့ ခက်တော့နေလေပြီ။

"မနွယ်ပြောတာ ကျွန်တော်နားလည်တယ်။ ဒါပေမယ့် အလုပ်ခွင်အတွင််း ချစ်ကြိုက်ခွင့်ကို တားမြစ်ဖို့ဆိုတာ အဓိပ္ပါယ်မရှိဘူး။ ဝန်ထမ်းတွေအတွက် ရုံးဆိုတာ Second Home (ဒုတိယအိမ်) လိုပဲ မနွယ်။ ဒီတော့ အပျို၊ လူပျို မြင်တွေ့ပြီးကြိုက်ကြတာ မဆန်းဘူးလေ"

Eyes On Me Where stories live. Discover now