Part 30

23.2K 2.3K 781
                                    

Surprise


<Unicode>

သူ့ကိုထိရင်၊ ငါနဲ့ငြိမယ်။



Eyes On Me

"Nyi ဆိုတာ ညီမိုးလွင်လား"

Eric ခေါင်းကျိန်းသွားသည်။ ဘေးချင်းကပ်ထိုင်နေတာမို့ Missed calls ပေါင်းများစွာကို သူရိန်လည်း မြင်ပေလိမ့်မည်။ ဒီတလောဆက်သွယ်လာတာကို မပြောဖြစ်ထားတော့ သူ့ဖက်က ထိန်ချန်ထားသလိုဖြစ်နေမလား။

"အင်း။ Ice ပျောက်နေတာ သူနဲ့ဆက်စပ်နိုင်တယ်၊ ခဏနော်"

ထိုင်နေသည့်သူရိန်ကို ခဏထားခဲ့ပြီး ရေစပ်နားလမ်းလျှောက်ရင်း ဖုန်းခေါ်ရသည်။ ဘေးမှာထားပြောလည်း ဘာမှမဖြစ်ပေမယ့် စိတ်ဆင်းရဲမှာစိုး၍ မကြားစေချင်။

ကျစ်! ညီမိုးလွင် ဘာတွေစိတ်ရူးပေါက်ပြန်ပြီလဲ။

"Hello!"

Eric အသံက ဒေါသသံစွက်နေလေပြီ။

".................."

"Ice ဘယ်မှာလဲ။ ငါနဲ့သူနဲ့ ဘာမှမပတ်သက်ဘူး၊ မင်း မဆိုင်တဲ့သူကို ဆွဲမထည့်နဲ့"

".................."

"ဘာ! မင်းခုဘယ်မှာလဲပြော။ ငါလာခဲ့မယ်"

ဒေါသထွက်နေသည့် Eric မျက်ဝန်းတွေက စူးစူးရှရှ။ ချလိုက်သည့်ဖုန်းကိုသာ လက်ထဲပိတ်ကြပ်နေအောင် ဆုပ်ကိုင်ရင်း သူရိန့်ဆီ ပြန်လျှောက်လာခဲ့သည်။ Ice ဘာမှမဖြစ်ပါစေနဲ့သာ ဆုတောင်းရင်း၊

"သူရိန် လာ၊ သွားမှဖြစ်မယ်"

ညီမိုးလွင်နဲ့ Ice ရှိနေသောနေရာက သူတို့နဲ့သိပ်မဝေး။ သို့သော် ညမှောင်လာတာတောင် လူခြေပြတ်သည့်နေရာကို တမင်ခေါ်ချိန်းသလား ထင်ရသည်။ Eric တစ်ယောက် ကားမောင်းရင်းက ဟန်သာ့ကိုလည်း ဖုန်းဆက်ခေါ်ရသည်။ ဖုန်းပြောတဲ့အသံကြားရုံနဲ့ ဟန်သာ ဘယ်လောက်ခေါင်းမီးတောက်နေမလဲ ခန့်မှန်းကြည့်လို့ရနေလေပြီ။

Eyes On Me Where stories live. Discover now