Part 21

20.4K 2.2K 296
                                    

<Unicode>

ကိုယ့်စေတနာကိုယ် ယုံတယ်။
ကိုယ့်ကြိုးစားမှုကိုယ် ယုံတယ်။

လက်ခံပေးမယ့် တစ်ဖက်လူတွေရဲ့
သဘောထားကိုပဲ သူ မယုံရဲတာ။

အချစ်ဘယ်ကစ

နေရောင်ခြည်ကို ကောင်းမွန်စွာရသော ကြည်ကြည်လင်လင် နေ့လည်ခင်းတွင် ဖြစ်သည်။

ပွဲကျင်းပမည့်နေ့ဖြစ်တာမို့ Ice ကို ဟန်သာက လာခေါ်ပေးသည်။ သို့သော် သွားနေကျရုံးကိုမဟုတ်ဘဲ ပွဲလုပ်ရမည့်ဟိုတယ်သို့ ဦးတည်နေကြခြင်း။

ပွဲတွင် တစ်ထောင့်တစ်နေရာကပါဝင်ရမည့် Ice က အနက်ရောင် Suit ကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ Necktie ကြောင့်ပဲလားမသိ၊ သူ စိတ်ကျဉ်းကြပ်နေသလိုလို။

မျက်နှာတွင် သုံးနေကျ Toner နှင့် Men cream တစ်ခုသာ ထုံးစံအတိုင်း Ice လိမ်းခဲ့သည်။ လှပနေအောင် ပြင်တာမျိုးမဟုတ်ဘဲ သူ့အသားအရည်ကို စိုစိုပြေပြေ ဖြစ်ချင်တာမျိုး။ ဘာဆံကြောင်းမှ မခွဲဖြစ်သောဆံစတို့က နဖူးရှေ့တွင် ပါးပါးကလေး အစီအရီကျနေသည်။ Ice သုံးနေကျရေမွှေးဖြစ်သော ချိုချဉ်ရနံ့လေးကလည်း ကားထဲတွင် ဆွတ်ပျံ့နေလျက်သား။

ပေါ့ပေါ့ပါးပါးလုပ်နိုင်သည်ဟု တွေးထားခဲ့သောသူက အခုလိုနီးလာမှ ယောက်ယက်ခတ်လာသည်။ တစ်နိုင်ငံလုံးက VIP Customer တွေနှင့် ကိုယ်စားတော်ကြီးတွေရှေ့တွင် သူ Presentation လုပ်ရတော့မယ်မလား။ ဒီပွဲတွင် သူ့ Project အောင်မြင်မှဖြစ်မည်။

မေမေ့အတွက် ..

အစ်ကို့အတွက် ..

သူ မြန်မာပြည်က မပြန်ရဖို့အတွက် ..

အတွေးနဲ့တင် Ice စိတ်လှုပ်ရှားလာပြီမို့ ကားပေါ်ထိုင်နေရင်း ဂနာမငြိမ်ဖြစ်လာသည်။ ခြေတွေလက်တွေက သွေးမရှိဘဲ အေးစက်စက်နှင့်။

"အစ်ကို"

ခေါ်သံနှင့်အတူ အေးစက်နေသောလက်တစ်စုံက အစ်ကို့လက်ကောက်ဝတ်ကို သွားကိုင်လိုက်သည်။ တစ်ချက်တွန့်သွားတော့ စိတ်ဆိုးသွားသလားလို့ အစ်ကို့မျက်နှာတွင် အဖြေရှာရသည်။ မဟုတ်ပါ၊ စိတ်တိုနေချိန်ဖြစ်နေကျ မျက်လုံးတွေက စူးစိုက်ကြည့်မနေ၊ နဖူးကြောတွေလည်း ကျုံ့မသွား။

Eyes On Me Where stories live. Discover now