Part 10

21.5K 2.4K 120
                                    

<Unicode>

ပင်ပန်းလှပါတယ်ဆိုတဲ့
တစ်နေ့တာအလုပ်တွေပြီးလို့
အိမ်ပြန်ရင် သူ့တွေ့ချင်မိတာက
မေမေပါ .. ။

အလွမ်းရဲ့အတိုင်းအဆ

[Ringing...]

ဖုန်းမြည်နေသံမှာ သူ့၏အသိစိတ်တွင် ကြားတစ်ချက်၊ မကြားတစ်ချက်။ ဖုန်းကိုင်ချင်သော်လည်း မျက်လုံးကမဖွင့်နိုင်သေး။ ဒါပေသိ အဆက်မပြတ်မြည်နေတာမို့ လက်ဖြင့်သာ ဟိုစမ်းဒီစမ်းလုပ်ပြီး ရှာယူရသည်။

"Hello.."

သူ မျက်လုံးမဖွင့်ရသေးပါ။ လက်မနှင့်သာ ဖုန်းမျက်နှာပြင်ကို ရမ်းသမ်းပွတ်ဆွဲဖြေလိုက်ခြင်း။ အခါတစ်ထောင်မက ဖုန်းဖြေဖူးတာမို့ ဒီလောက်ကတော့ အသာလေးပင်။

"Ice .. ၁၀မိနစ်အတွင်း ရောက်မယ်နော်"

ရင်းနှီးနေသောထိုအသံက နားစည်မှတစ်ဆင့် ဦးနှောက်ဆီသို့ ချက်ချင်းရောက်သွားသည်။ စက္ကန့်ဝက်ပင်မကြာလိုက်၊ ဦးနှောက်၏လျင်မြန်သော လှုံ့ဆော်မှုကြောင့် မျက်လုံးအိမ်တို့ကပါ ပြူးကျယ်လာသည်။ ရုံးတက်ရမည်။ ရုတ်တရက် ထထိုင်လိုက်မိတော့ သွေးခုန်နှုန်းတို့ကလည်း တဒိတ်ဒိတ်နှင့်။

"ဟုတ် အစ်ကို"

Ice အမြန်ပြန်ဖြေပြီး ဖုန်းချလိုက်သည်။ နာရီကြည့်တော့ ၈နာရီထိုးလုဆဲဆဲ။ ဟိုက်! စောစောနိုးနေကျမို့ နှိုးစက်မပေးထားမိတာ မှားတာပင်။ သိပ်တွေးတောနေချိန်မရ။ ၁၀မိနစ်နှင့် အပြီးအစီးပြင်နိုင်ဖို့ကမလွယ်။ ရေမချိုးတော့ရင် ကောင်းမလားဟုတွေးပြီး အင်္ကျီကိုငုံ့နမ်းတော့ အရက်နံ့မှာထောင်းခနဲ။ မဖြစ်ပါ၊ ဝတ်ထားသည်များကို အမြန်ပုံချွတ်ပြီး ရေချိုးခန်းပြေးရသည်။

သူ့၏အတွေးအရ အချိန်၁၀မိနစ်တွင် ၅မိနစ်က ရေချိုးမျက်နှာသစ် အပြီးဖြစ်ရမည်။ အဝတ်အစား၊ မျက်နှာနှင့် ဆံပင်ကိစ္စအတွက် ၃မိနစ်သာ ယူသင့်သည်။ ပြီးလျှင် ကျန်၂မိနစ်အား ယူစရာရှိတာယူပြီး အောက်ထပ်ဆင်းစောင့်ရမည်။ လက်ကသွားတိုက်ရင်း ဦးနှောက်က မအားလပ်စွာ အချိန်ကိုက်တွက်ချက်နေရလေ၏။

Eyes On Me Where stories live. Discover now