Part 47

18.8K 2K 696
                                    

<Unicode>

ဆုပ်လည်းဆူး၊ စားလည်းရူးတဲ့၊
ရှေ့တိုးမရသလို၊ နောက်လည်းမဆုတ်နိုင်ပေ။

အစ်ကို ဘာလုပ်သင့်လဲ .. Ice ။


ပြတ်စဲရန်ခက်ခဲသော...


📍Chiang Rai, Thailand

မှောင်ရီပျိုးချိန်ကျော်လွန်ကာ ညဆိုသည့်အခါသမယက တိတိပပရောက်လာချေပြီ။ လျှပ်စစ်မီးလုံးလေးတွေလည်း တာဝန်ရှိသည့်အတိုင်း လောကကိုအလင်းပေးဖို့ ထွန်းလင်းလာကြ၏။ အအေးလွန်ကဲနေချိန်ဖို့ လမ်းပေါ်တွင် လူသူသိပ်မရှိလှ။ ကားတွေကသာ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေကြသည်။

Ying တစ်ယောက် ဖုန်းတစ်လုံးကိုင်ကာ ဟိုတယ်ထဲကထွက်လာခဲ့တာ ငါးမိနစ်ခန့်ရှိလေပြီ။ ဒီဇင်ဘာရဲ့အအေးဒဏ်က မည်သူ့ကိုမှမျက်နှာသာမပေးဘဲ စိမ့်နေအောင်အေးစက်စေ၏။ သူ(မ)တစ်ကိုယ်လုံးလည်း တောင့်ခဲချင်လောက်အောင်ချမ်းနေပေမဲ့ အပြင်မထွက်လို့မဖြစ်။ Ice ကို ရှာရမည်၊ သူ(မ) သိပ်ချစ်တဲ့မောင်လေးကို ရှာရမည်။ အခုဆို ဘယ်လောက်တောင်စိတ်ညစ်ပြီး ချမ်းစိမ့်နေလိုက်မလဲ။

နေ့လည်က မယုံနိုင်စရာအဖြစ်အပျက်ကြောင့် Ice ခမျာ စိုးရိမ်ထိတ်လန့်မှုတွေကြုံကာ ခဏတာအသိအာရုံတွေကင်းကွာခဲ့သည်။ ချစ်သူကပါသိလျက်နဲ့ သူ့ကိုထိန်ချန်ထားတယ်ဆိုသောအသိကြောင့် အမျက်ကြီးကာ ပိုသတိလက်လွတ်ဖြစ်သွားခဲ့တာပင်။

ငယ်ငယ်ကလည်း အမေအကြောင်းတဖွဖွမေးလွန်းလို့ မူးနေတဲ့သူ့အဖေစိတ်တိုပြီး ပစ္စည်းတွေရိုက်ခွဲတုန်းကလည်း ဒီလိုအခြေအနေမျိုးကို တစ်ခါကြုံခဲ့ဖူးသည်။ သိုသော် အခုအရွယ်မှာတော့ ဒီလိုစိတ်ခံစားလွန်သည့်ပြဿနာက မဖြစ်သင့်တော့။ ဟူး .. သူ့အမေနဲ့ပတ်သက်ရင် ဒီကောင်လေးက စိတ်အတက်အကျ အင်မတန်မြန်လွန်းတာပါပဲ။

ဖုန်းကို တရစပ်မနားတမ်းခေါ်နေကေမဲ့ Ice ဘက်က လုံးဝမကိုင်ခဲ့။ ဟိုတယ်ဝန်ထမ်းတွေ ပြောစကားအရဆိုရင်တော့ အေးအေးဆေးဆေး အပြင်ထွက်သွားတဲ့ပုံပင်။ သို့သော် စိတ်မပူလို့မရ။ အခုချိန်မှာ Ice စိတ်ကအရမ်းထိရှလွယ်နေတာ သူ(မ)အသိဆုံးပင်။ ဒါမို့ ပြန်လာကတည်းက အနီးကပ်စောင့်ကြည့်နေတာတောင် ရေချိုးခန်းခဏဝင်သည့်အခိုက် လစ်ထွက်သွားတာပါပဲ။

Eyes On Me Where stories live. Discover now