Part 52

21.7K 2K 510
                                    

<Unicode>

လူသားတွေပဲလေ ..
အနားမှာ တိုးတိုးဖော်လေးတစ်ယောက်တော့ ရှိသင့်တယ်မလား။


အရင်းနှီးဆုံးသူစိမ်း


နှစ်သစ်စလို့ ဇန်နဝါရီလ၏ နောက်ဆုံးအပတ်သို့ ရောက်လာခဲ့ချေပြီ။ စိမ်းစိုစိုသစ်ရွက်၊ သစ်ခက်တွေနဲ့အတူ ပတ်ဝန်းကျင်တွင် လတ်ဆတ်သောလေထုက ထုံမွှန်းပျံ့လွင့်နေဆဲ။ ဒါသာမက အေးချမ်းသည့်အငွေ့အသက်လေးကလည်း မပြောင်းမလဲတည်ရှိနေဆဲဖြစ်သည်။ မတ်လမရောက်ခင်ထိတော့ ဥတုရာသီဟာ ဒီအတိုင်းလည်ပတ်နေဦးမှာပင်။

သို့သော် လူသားတို့၏ ကိစ္စအဝဝမှာတော့ သဘာဝအဖြစ်အပျက်တွေလို ပုံသေကားချပ်မရှိလှတာမို့ အမျိုးမျိုးအထွေထွေ ပြောင်းလဲနေကြ၏။ ဒီအပြောင်းအလဲတွေပေါ်တွင်လိုက်၍ လူတွေ၏ခံစားချက်တွေလည်း အသွယ်သွယ်ဖြစ်ပေါ်လာသည်။ အံ့ဩခြင်း၊ ဝမ်းသာခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် လက်မခံချင်ကြခြင်းစသည့် သဘောသဘာဝတို့ပေါ့။

Star Hub တွင်လည်း ဤကဲ့သို့ပင်။ ရုံးဖွင့်ရက်နံနက်ခင်းတွင် ကြားလိုက်ရကြသော Hot အဖြစ်ဆုံးသတင်း၂ပုဒ်ကြောင့် ဝန်ထမ်းတွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။ အဖြေတစ်ခုခုကို ရှာချင်နေကြသလို၊ လက်မခံချင်သူတချို့လည်း ရှိနေကြသည်ပင်။ တစ်ရုံးလုံးရဲ့စပ်စုစိန် စိမ်းဝါနီသုံးယောက်ဆိုလျှင် အလုပ်တွင်တောင် အာရုံစိုက်မရနိုင်တော့ပါပေ။

'၅မိနစ်အတွင်း အောက်ထပ်စတိုခန်းမှာ လူစုမယ်။ စိမ်း ၊ ဝါ ၊ ပြီးမှ နီ အချိန်ခြားထွက်'

ထိုသို့သော တစ်သွေးတစ်သံတစ်မိန့်စာလွှာကို Group chat ထဲသို့ ပို့လွှတ်လိုက်သူက Ice ရဲ့လက်ထောက်ဖြစ်သူ စိမ်းပင်။။ ကျန်နှစ်ယောက်တွင် စာဝင်သွားသည်နှင့်တပြိုင်နက် တစ်နေရာနဲ့တစ်နေရာ အကြည့်ချင်းလှမ်းဆုံပြီး အဆင်ပြေကြောင်း အတည်ပြုလိုက်ကြသည်။ ဒီလိုနှင့် အောက်ထပ်က ပစ္စည်းတွေထားသည့်စတိုခန်းဆီသို့ မီးပွိုင့်မ၃ယောက် နှစ်မိခြားစီဝင်သွားကြလေ၏။

စတိုခန်းအတွင်းကျဆုံးနေရာတွင် မှောင်ရိပ်ကျနေတတ်တာမို့ စကားစုပြောနေလည်း CCTV မှာ ပေါ်မှာမဟုတ်ပေ။ ဒါမို့ ရုံးတွင်းအတွဲတွေ ခဏတဖြုတ် လာချိန်းတတ်ကြသည်။ မီးပွိုင့်မတွေလို အတင်းတုပ်တတ်သူတွေအဖို့လည်း အေးအေးဆေးဆေး ပြောဆိုနိုင်သည့်နေရာလည်းဖြစ်သည်။ တစ်ရုံးလုံးတွင် ခိုးကြောင်ခိုးဝှက်လုပ်လို့အရဆုံးနေရာမို့ HR က အပျိုကြီးမနွယ်ကလည်း ဒီနေရာကိုသတိထားစောင့်ကြည့်နေတာပင်။

Eyes On Me Where stories live. Discover now