Part 32

22K 2.2K 598
                                    

<Unicode>

အချစ်တွေသာ ဆောင်ကြဉ်းခဲ့ပါ။
ရောက်တဲ့နေရာက ရပ်စောင့်ပါ့မယ်။


အိပ်မက်ထဲကပုဂံ

မြေနီကုန်းက Spirit Fashion Accessories ဆိုင်တွင် မိန်းကလေးများ ကြိတ်ကြိတ်တိုးနေသည်။ ဆိုင်ကကျယ်ဝန်းတယ်ထင်ရသော်လည်း သူ့လိုင်းနဲ့သူကန့်ထားတာမို့ ပစ္စည်းတွေကြား လူကကျဉ်းကြပ်လှသည်။

Fashion ဆိုင်လို့ပြောရလောက်အောင် မိန်းကလေးအသုံးအဆောင်တွေ ပေါတာကလည်း သူမမြင်ဖူးသည့် တိုလီမိုလီတွေတောင်ပါ၏။ မိတ်ကပ်နဲ့ရေမွှေးနံ့တွေကလည်း မွှန်ထူလို့ပါပဲ။ သူရိန် စိတ်ကျဉ်းကြပ်လာလေပြီ။ ကိုယ့်ဟာကိုယ် ကျောက်ရုပ်လိုရပ်နေတာတောင် ဝင်တိုက်သွားတဲ့ မိန်းကလေးတွေက သုံးယောက်ထက်မနည်း။

ဆိုင်ထဲကထွက်မလားဆိုတော့လည်း ဟိုကောင်ငနဲက အထွက်မခံပါ။ သူ့စော်အတွက် မွေးနေ့လက်ဆောင်ရွေးတာကို ကူစေချင်နေသည်။ စုံစီနဖာအကုန်ရတဲ့ဆိုင်မို့ မိန်းကလေးတွေအတွက်တော့ Dream World ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။ ဒါမို့ ငနဲလည်း စိတ်ကြိုက်ရွေးနေတာပင်။ သို့သော် Emily ဖို့ အရုပ်ဝယ်ချင်သော သူရိန်ကတော့ လိုက်လာမိတာ မှားလိုက်လေခြင်း။ လူရှုပ်၊ စိတ်ရှုပ်တဲ့ဒဏ်ကို သူရိန် လုံးဝမခံစားနိုင်ပါ။

"သူရိန် ဒီရေမွှေးယူလိုက်ရမလား။ တစ်သောင်းခွဲပဲရှိတယ်"

"မင်းကလည်း စျေးချိုတာနဲ့ အနံ့ကိုခံမကြည့်တော့ဘူး။ စော်အတွက်ပဲကွာ .. လေး၊ ငါးသောင်းတန်လောက်တော့ ပေးမှပေါ့ဟ"

ကပ်စေးနှဲ ငနဲတစ်ကောင် ရှုံ့မဲ့သွားသည်။ ပိုက်ဆံကို တစ်ပြားကနှစ်ပြားခွါသုံးချင်တဲ့ကောင် .. ဒီလိုနဲ့စော်ကစိတ်ဆိုးပေါင်းလည်း များလှပြီ။ ဒါလည်းမမှတ်၊ ဟိုတလောကမှ ပန်းချီကားတွေရောင်းထွက်ထားတာကို ကပ်စေးနှဲလုပ်နေတုန်းပါပဲ။

ခဏကြာတော့ သူရိန်တို့အပြင်ထွက်လာနိုင်ခဲ့လေပြီ။ အထဲမှာ ပူပူလောင်လောင် မွန်းကြပ်ခဲ့သမျှ အပြင်မှာလေဝဝရှုရတော့တဲ့အဖြစ်ပါ။ သူရိန့်လက်ထဲမှာလည်း Emily ကြိုက်တဲ့ရေသူမရုပ်နဲ့ အစ်မဖြစ်သူအတွက် နှုတ်ခမ်းနီတစ်တောင့်အား မနည်းရွေးကာ ဝယ်လိုက်နိုင်သည်။ နောက်လမန္တလေးသွားမှ လက်ဆောင်လေးတွေပြပြီး မျက်နှာလုပ်ရဦးမှာ။

Eyes On Me Where stories live. Discover now