Part 56 (Finale - 2)

31.2K 2.1K 618
                                    

<Unicode>

ပန်းကလေး ငုံလို့ဖူး
အလှဆုံးပွင့်ဖို့ ကြိုးစားတယ်။

ကျေးငှက်ကလေး မြူးလို့ထူး
အသိုက်လေးဆောက်ဖို့ အားထုတ်တယ်။

ကိုယ့်မှာကတော့ ထူးလို့မူး
တွဲလက်မြဲဖို့ ရူးရတယ်။

ထာဝရအဆုံးထိ

"အား!"

လေသာဆောင်မရောက်ခင် အမှောင်ရိပ်ကနေ သူ့ကိုခုန်အုပ်လာဟန်ရှိသော လူရိပ်ကြောင့် သူရိန်ဓားနဲ့ရမ်းလိုက်မိတာပင်။ သူခိုးအမှတ်နှင့် ရန်ဆောင်လိုက်ပေမဲ့ အသံကြားမှ Eric မှန်းသိလိုက်မိတာပင်။ အတော်များထိမိသွားပြီလားမသိ။

"ဟင် .. ကိုကို"

သူရိန် ချက်ချင်းမီးပြေးဖွင့်ရသည်။

"အား! Bae ရာ .. ဘာလို့ဓားကြီးကိုင်ထားရတာလဲ"

မီးဖွင့်လိုက်သည်နှင့် Eric လက်တစ်ဘက်ကိုအုပ်ထားတာ တွေ့လိုက်ရ၏။ တခြားအရေးကြီးနေရာမဟုတ်လို့ တော်ပါသေးရဲ့လို့တွေးလိုက်မိပေမဲ့ ဘယ်ဘက်လက်ကလည်း အတော်ထိသွားလေပြီးလားမသိ။ သူရိန်ခေတ်တို့ကလည်း လုပ်လိုက်မိရင် အရာရာနဲ့အကြောင်းကြောင်းပါပဲ။

"ကိုကိုကရော အမှောင်ကြီးထဲ ဘာလုပ်နေတာလဲ၊ ကျွန်တော်က တံခါးပွင့်နေတော့ သူခိုးဝင်နေတယ်ထင်သွားတာ။ အောက်မှာလည်း ကားမတွေ့ခဲ့တော့ ပြန်မရောက်သေးဘူးပဲဆိုပြီးလေ ... ဟာ၊ ဒုက္ခပါပဲ"

"ရှပ်ထိတာပါကွ၊ ဒုက္ခမများပါဘူး"

သူရိန် Eric လက်ကိုသေချာကြည့်တော့ လက်ဖဝါးက ဓားချွန်နဲ့ထိမိလို့ ရှသွားတာမျိုးဖြစ်သည်။ သွေးစတွေထွက်လာပေမဲ့ Eric ပုံစံက သိပ်နာပုံမပေါက်တော့လို့ အနည်းငယ်စိတ်အေးရတာဖြစ်၏။ သူဘာမှပြန်မပြောနိုင်တော့ပဲ ဆေးထည့်ပေးဖို့သာ လုပ်ရတော့သည်။

"Bae ကို Surprise လုပ်ချင်လို့စောင့်နေတာလေ။ အဲ့ဒါမို့ဖုန်းတောင်မကိုင်ဘူး၊ ကားကိုလည်း တမင်မမြင်အောင် ဟိုဘက်ခြမ်းမှာသွားထားလာတာ။ တံခါးဖွင့်ပြီးဝင်လာမှဖက်ထားရင်း ဝိုင်သောက်ဖို့ခေါ်သွားမယ်တွေးထားတာ၊ ဒီမှာဖယောင်းတိုင်ထွန်းဖို့ မီးခြစ်တောင်ဆောင်ထားပြီးသားကို"

Eyes On Me Where stories live. Discover now