Part 22

20.6K 2.4K 254
                                    

<Unicode>

ပြဿနာဆိုတာ အုံနဲ့ကျင်းနဲ့
ရောက်လာတတ်တာမျိုး ထင်ပါရဲ့။

ဒါပေမယ့် ဘယ်လောက်ခက်ခဲနေပါစေ၊
Ice ရှောင်ပြေးနေမှာတော့ မဟုတ်ဘူး။

သူက လာမယ့်ဘေးပြေးတွေ့ပြီး
အရေးကြီးတာကိုပဲ ဦးစားပေးမယ့်သူမျိုး .. ။

FOMS

ဆုပ်ကိုင်ပေးထားသည့်လက်ကို ဖြုတ်ချပြီး ထွက်ပြေးလာသူ Ice အား ခေါင်းမာတယ်လို့ အစ်ကို ထင်ကောင်းထင်နိုင်မည်။ ဒီအခြေအနေကြောင့် သူ့စိတ်တွေ ဘယ်လောက်ယိုင်နဲ့သွားတာ သူကိုယ်တိုင်သာသိသည်။

အမှန်တကယ် လူက ခြေထောက်တွေနှုံးချိကာ တဖြည်းဖြည်း ခွေကျချင်လာလေပြီ။

သို့သော် အားကုန်သုံးလျှောက်နေသော Ice ခြေလှမ်းတို့က သူ့ကို အမြင်မကြည်၊ ကဲ့ရဲ့ကြသူများရှိရာ ခန်းမသို့ ဦးတည်နေသည်။

မြန်မာပြည်ရောက်စကတည်းက ဖုံးကွယ်ထားချင်သည့် Gay ဆိုသောအဖြစ်မှာ အခုတော့ အစ်ကိုကအစ တစ်ရုံးလုံးသိကြလေပြီ။ Eric နဲ့ပုံပါတွေ့သွားကြတော့ အခြေအနေက အတော်ဆိုးနေမှာ Ice သဘောပေါက်လိုက်သည်။

ပြင်ပလေကို အားရပါးရရှုရှိုက်အပြီး ခန်းမအတွင်း ပြန်ဝင်ဖို့ စိတ်တင်းလိုက်ရသည်။ တွေးထားသည့်အတိုင်း များစွာသောမျက်လုံးအစုံတို့ကို Ice စတင်ရင်ဆိုင်ရလေပြီ။

အံ့ဩသော ..

ရွံရှာသော ..

သနားသော ..

အကြည့်ပေါင်းစုံက သူ့ထံသို့ မြှားစင်းတွေနှယ် စူးစိုက်ဝင်လာတော့သည်။ တစ်လောကလုံးနဲ့တစ်ယောက်ဆိုတာ ဒီလိုခံစားချက်မျိုး ဖြစ်မည်ထင်၏။

ဘာလို့ပါလဲ။ Ice မှာ အမေးသေချာထုတ်ခွင့်မရှိ။

သူတို့အားလုံး၏ CEO နဲ့ ပရောပရည်လုပ်တယ်ထင်၍ စိတ်ကွက်ကြခြင်းလား။ ဒါမှမဟုတ် မိန်းမလိုဝတ်ထားသည့် Gay တစ်ယောက်အား ရွံရှာမုန်းတီးကြခြင်းမျိုးလား။

Gay ဆိုတာလည်း တစ်နေ့သေရမယ့်
လူသားတစ်ယောက်ပါပဲ။

ဘဝအချိန်ခဏလေး နေရခိုက်
ကိုယ်နေချင်တဲ့ဖြစ်တည်မှုနဲ့
ကိုယ်မြတ်နိုးတဲ့သူကို ချစ်ခွင့်မရှိတော့ဘူးတဲ့လား။

Eyes On Me Where stories live. Discover now