A Forgotten Love-2

41.2K 2.7K 437
                                    

Unicode

//အမှတ်မရှိဘဲ ထပ်တလဲလဲ ခွင့်လွှတ်ပေးနေမိတဲ့အခိုက်အတန့်တွေ//

မနက်ခင်းမှာ နိုးနိုးချင်းပဲ မင်းပိုင်စိုးသူ လုပ်တတ်
တဲ့အကျင့်တစ်ခုက ဟယ်ရီ့ရင်ခွင်ထဲကိုတိုးဝင်
တတ်တာပါပဲ။သို့ပေမဲ့ သည်နေ့ရဲ့မနက်ခင်းမှာတော့ ဟယ်ရီ့ကိုယ်ငွေ့လေးကို ပိုင်စိုး,လိုက်ဖမ်း
ကြည့်နေသော်ငြား လုံးလုံးလျားလျားပျောက်ကွယ်
နေခဲ့သည်။

ပျောက်ဆုံးနေသော အနွေးဓာတ်ကိုပင် သူ
ခံစားရမိခိုက် ပိုင်စိုးခမျာ လန့်သွား​မိ၏။
ပြီးတော့..ရင်ထဲမှာလည်း ထိန်လန့်သွားရသေး
သည်။မျက်လုံးတွေကို အလျင်ဖွင့်ကြည့်ရင်း
ပိုင်စိုး ဆတ်ခနဲထထိုင်ပစ်လိုက်​၏။ပြီးနောက် မကြာပါ၊သူ,ဟယ်ရီ့ကိုသာ အော်ခေါ်မိတော့သည်။

"ဟယ်ရီ..ဟယ်ရီ!"

"ဟယ်ရီ.."

ပြန်ထူးသံလည်း မကြားရဖြစ်လင့်ကစား၊
ဟယ်ရီ့အရိပ်အယောင်ကိုလည်း သူ,မတွေ့ရ
ချေ။မနေ့ညက ဖြစ်ခဲ့သည့်ပြဿနာကြောင့်
ဟယ်ရီ စိတ်ဆိုးပြီး ထွက်သွားပြီလားဟု ပိုင်စိုး
က တွေးမိချေတော့ မျက်နှာက သိသိသာသာ
ပျက်ယွင်းလာ​၏။

စိတ်ထဲမှာ ထုံဆေးမိထားသလိုပဲ ထုံနေခဲ့ပြီးတော့
ဒါက ဘာကိုရည်ညွှန်းပြနေသလဲဆိုတာကို ပိုင်စိုး
မသိခဲ့ရပါ။

"ဟယ်ရီ..ဟယ်ရီမြတ်သာ.."

ပိုင်စိုး​၏အသံဖျားများက တုန်ယင်နေသည်။
အသံလှိုင်း၌ စိုးထိတ်ရခြင်းဆိုသည်က အပြည့်
ဖြစ်သည်။ဗီရိုဘက်ဆီသို့ ခြေလှမ်းများရောက်
သွားကာ ဖွင့်ကြည့်တော့မှဖြင့် သူသက်ပြင်းချ
လိုက်နိုင်၏။

ဟယ်ရီ့အဝတ်အစားများက အရင်အတိုင်း
ရှိနေသေးတုန်းပင်။သို့နှင့် အခန်းထဲမှ အလျင်
ပြေးထွက်ကာလည်း မီးဖိုအခန်းဘက်သို့ သူသွားကြည့်ဖြစ်သည်။တလှုပ်လှုပ်နှင့် အလုပ်ရှုပ်နေ
သော ဟယ်ရီ့နောက်ကျောပြင်ကို မြင်လိုက်ရကာ
မှ စိတ်သက်သာရာ ရမိသလိုနှယ်။ပိုင်စိုး ပြုံးလိုက် မိပါရဲ့။သူ့စိတ်တွေ အခုခါမှ ရတက်အေးသွား
ရတာပဲ မဟုတ်လား။

A Forgotten Love[Completed]Where stories live. Discover now