A Forgotten Love- 14

18.4K 1.2K 115
                                    

Unicode

//ဂရုစိုက်ပေးမှုတွေလား..ဟိုးအဝေးကြီးမှာလေ။
အရာအားလုံးပဲ..//

အေးစက်နေခဲ့တဲ့ မနက်စာတွေက ဘာကို
ညွှန်ပြနေလဲသိလား။ပစ်ပယ်ခံရတာတွေ၊
မေ့လျော့ခံရတာတွေ၊အလေးထားမခံရခြင်း
တွေနဲ့မေတ္တာတွေကိုလျစ်လျူရှုခံထားရခြင်း
ဆိုတာတွေကိုပေါ့။အမျိုးအမည်နာမတွေသာ တစ်ခုခြင်းဆီခွဲခြားပြရရင်တောင် ပြီးဆုံးသွား
မှာမဟုတ်ဘူး။

နေမကောင်းလို့မလှုပ်နိုင်တဲ့ကြားထဲကနေ
ပိုင်စိုးအတွက် တကူးတကပြင်ဆင်ပေးထားခဲ့
ရတာပဲ။အရာမယွင်းတဲ့ စားပွဲပေါ်က မနက်စာ
ဖြစ်တဲ့ ထမင်းကြော်ပူပူလေးကတော့ နေမြင့်
လာတဲ့အခါ အေးစက်စက်တွေတောင်ဖြစ်လို့ရယ်။

"ပြန်လာတော့မှာပါ"

ဟယ်ရီက ရယ်ကာပြောနေရင်း နာရီကိုလှမ်း
ကြည့်တော့ နေ့လယ်ဆယ့်တစ်နာရီခွဲ။ဒီနေ့က
ရုံးပိတ်ရက်ဆိုတော့ ပိုင်စိုးပြန်အလာကို စောင့်
ရင်းနဲ့ပဲ မနက်စာကနေ နေ့လယ်စာအထိပင်ကူး
ပြောင်းလို့လာ​၏။ငါးနာရီနီးပါးလောက်
ထိုင်စောင့်ဖြစ်ခဲ့ပြီး ပိုင်စိုးကို ဖုန်းခေါ်ကြည့် သော်ငြားလည်း ကိုင်လာခြင်းမရှိခဲ့။

တံခါးဖွင့်သံကြားတော့ ပိုင်စိုးပြန်လာပြီဆိုတာ
ဟယ်ရီ သိလိုက်ပြီ။ထမင်းစားခန်းထဲကနေ
အမြန်ပြေးထွက်ရင်း ဦးတည်သွားမိခဲ့တာက
မင်းပိုင်စိုးသူဆီကို။

"ပိုင်စိုး ဘယ်တွေသွားနေတာလဲ။
ငါက မနက်စာပြင်ပြီးစောင့်နေတာ..အာ
အခုက နေ့လယ်စာစားချိန်ဆိုတော့ ဟင်းချက်
ပေးမယ်။ခဏလေးနော်.."

"ချက်ပေးစရာမလိုဘူး..အပြင်ကနေစားလာ
ခဲ့ပြီးပြီ"

ဟယ်ရီ့ကိုတွန်းဖယ်ပြီးတော့ ပိုင်စိုးက အခန်း
ထဲသို့ဝင်သွားသည်။အားတင်းထားရင်းနဲ့ ယဲ့ယဲ့
ကလေးပြုံးနေမိတာက ဟယ်ရီ။
ခရီးမသွားခင် လွန်ခဲ့တဲ့ရက်တွေတုန်းက
ပိုင်စိုးက သူ့အပေါ်မှာသိသိသာသာ ဂရုစိုက်၊
ကောင်းလာပေးပြီးတော့မှ ရုတ်တရက်ကြီး အရင်လိုပြန်ဖြစ်သွားပေမဲ့လည်း ဟယ်ရီ
လက်ခံနိုင်ပါတယ်လေ။

A Forgotten Love[Completed]Where stories live. Discover now