A Forgotten Love-10

22.7K 1.3K 67
                                    

Unicode

//ငါက မင်းရဲ့စားမဝတဲ့ ဒူးရင်းသီး//

"ငါ ငယ်ငယ်က ဖြစ်ချင်တာတစ်ခုရှိတယ်။
မင်းသိချင်ရင် ပြောပြမယ်"

"ပြောပါဦး ဟယ်ရီရဲ့..ဘာများလဲ"

"ဒူးရင်းသီး ဆိုင်ကြီးဖွင့်ချင်တာကွ။
ငါက ဒူးရင်းသီးကို ရောင်းလည်းရောင်းမယ်၊
စားချင်တဲ့အချိန်တိုင်းလည်း ခွဲစားပစ်မယ်။
ပြီးရင် ဒူးရင်းသီးနဲ့လုပ်စားလို့ရတဲ့ မုန့်တွေ
လည်း လုပ်စားပစ်မယ်ဆိုပြီး စိတ်ကူးယဉ်
ထားတာ"

ဟယ်ရီ့ စကားကိုနားထောင်ပြီး ပိုင်စိုး အော်
ရယ်မိတော့သည်။ဖြစ်ချင်တာဆိုလို့ ဘာများ
လဲပေါ့၊သူက ဒူးရင်းသီးသည်ကြီးဖြစ်ချင်နေ
တာပဲ။ပိုင်စိုး တွေးရင်းတွေးရင်း အတော်နှင့်
ပင် အရယ်မရပ်နိုင်ခဲ့ပေ။ဟယ်ရီက ဒူးရင်းသီး
ကို စားနေရင်း ပိုင်စိုးကို စိုက်ကြည့်နေသည်။

"ဘာလဲ ငါ့ကိုလှောင်နေတာလား"

"မဟုတ်ရပါဘူးကွာ သဘောကျလွန်းလို့ပါ။
မင်းက ဒူးရင်းသီးအရူးပဲ"

ဟယ်ရီ့ကို ပိုင်စိုးအသည်းယားလာပြီး
ပါးနှစ်ဖက်ကို ထနမ်းပစ်လိုက်သည်။
ဒူးရင်းသီးအစေ့တွေနဲ့ ဟယ်ရီ ကောက်
ပေါက်လာလို့ ပိုင်စိုးမှာ ခုန်ပျံကျော်လွှား
လုပ်ခဲ့ရသေးသည်။အလုပ်သွားဖို့အတွက်
ဟယ်ရီ ရေဝင်ချိုးနေပြီး ပိုင်စိုးက ဖုန်းသုံး
နေသည်။Instagram သုံးနေရင်း ဟယ်ရီ
တင်ထားတဲ့ ဓာတ်ပုံက သူ့ဆီမှာတက်လာ
သည်။သူရိုက်ပေးထားသည့် ပုံလည်းမဟုတ်
ပေ။တစ်နေ့က ဟယ်ရီ အလုပ်ကိုဝတ်သွားသည့်
အင်္ကျီမှန်း ပိုင်စိုးမှတ်မိနေ​၏။

"ဟယ်ရီက Fable Cafeကို ဘယ်သူနဲ့သွား
တာလဲ။ရုပ်ကိုက ပြုံးဖြီးနေတာပဲ"

ပိုင်စိုး အလိုမကျစွာပြောမိရင်း Commentတို့
ကို လိုက်ဖတ်နေမိသည်။ဟယ်ရီနဲ့ပတ်သက်
ပြီး ဒီလိုတစ်ခါမှ Checkမလုပ်ဖူးပေမဲ့ အခု
တော့ ပိုင်စိုးလုပ်မိလာပြီပင်။
ဟယ်ရီက ချောလည်းချော၊ကပြားလည်းဖြစ်
ပြီး၊ဝတ်စားပုံကလည်း လိုက်ဖက်ညီအောင် ဝတ်စားတတ်တာမို့ Followerတွေလည်းများ
သည်။ပေးထားသည့် Commentတို့ကို ဖတ်
ကြည့်ဖြစ်တော့ ဟယ်ရီ့ကို ချောကြောင်း၊
မိုက်ကြောင်းနှင့် ပိုင်ရှင်ရှိလားဟု မေးထား၊
ပြောထားသည်က ပိုများ​၏။

A Forgotten Love[Completed]Where stories live. Discover now