A Forgotten Love-22

22.5K 1.3K 98
                                    

Unicode

//ဒီသံသရာနွံတွေထဲကနေ..
လွတ်မြောက်ခဲ့သင့်ပြီပေါ့//

"ဟယ်ရီ တောင်းပန်ပါတယ်"

"ကိုယ်က တောင်းပန်ခံရဖို့အတွက်နဲ့ ဟယ်ရီ့
ဆီကိုပြန်လာခဲ့တာမဟုတ်လို့ တောင်းပန်စရာ
မလိုဘူး။ကိုယ်ပြောတာကို သေချာနားထောင်
နော်၊ကိုယ်က ဟယ်ရီ့ကို နှစ်သိမ့်ပေးနိုင်လိမ့်
မယ်ဆိုတာကို ယုံကြည်လို့ မင်းအရှေ့ကိုပြန်
ရောက်လာတာ ဟယ်ရီ။နှစ်သိမ့်ပေးနိုင်ကောင်း
ပါရဲ့ဆိုတဲ့ မသေချာတဲ့ အတွေးမျိုး ကိုယ့်မှာ
မရှိဘူး"

"ကိုယ် မင်းကို နှစ်သိမ့်ပေးနိုင်ရမယ်၊
နှစ်သိမ့်ပေးနိုင်လိမ့်မယ်ဆိုတာ ကိုယ်ယုံကြည်တယ်"

ဒီလူက အမြဲတမ်းယုံကြည်ချက်အပြည့်
ရှိတယ်။တည်ငြိမ်မှုရှိတယ်။စကားလုံးတွေ
မှာ ပြတ်သားမှုတွေပါဝင်နေတတ်တာပဲ။
ဟယ်ရီ ဘာကြောင့်တောင်းပန်သလဲဆိုတာကို ခမ်း,ကလည်းသိပုံပေါ်သည်။ထီးဆောင်းထား
လည်းပဲ နှစ်ယောက်စလုံး မိုးရေတွေစိုနေခဲ့ပြီ။ခမ်း,ပခုံးတစ်ခြမ်းပေါ်ကနေ ဖြိုးဖြိုးဖြောက်
ဖြောက်မိုးရေစက်တို့က လိမ့်စင်းကျလာသည်။ဟယ်ရီ့ရဲ့ချောကလက်ရောင် ကွင်းထိုးဖိနပ်ကတော့ ရေတွေထဲမှာ နစ်မြုပ်နေတော့သည်။ဆံပင် ဖျားမှာ မိုးရေစက်တို့က တွဲလွဲခိုနေကြတော့သည်။

"ခမ်း..ဘာလို့လဲ၊ဘာလို့ လမ်းခွဲဖို့ကိုသဘောတူ
ခဲ့တာလဲ။ဟယ်ရီ မင်းထင်နေတာတွေက မှားနေ
တယ်၊ဘာလိုကြောင့်ပါဆိုတာကို ခမ်းဘာလို့
မပြောပြခဲ့တာလဲ။အခုတော့သွားပြီ၊အားလုံး
နောက်ကျကုန်ပြီ။ခင်ဗျားပြန်လာလည်း
ကျွန်တော်က ပိုင့်ကိုမှ ပိုင့်ကိုဖြစ်နေပြီ။အဲ့ဒီ့
အချစ်က နာစရာတွေရှိတော့လည်းဆုံးရှုံးရမှာ
ကို ကြောက်လို့၊ခင်ဗျားလို လွယ်လွယ်ကူကူနဲ့
ကျွန်တော့်ကို လမ်းခွဲပေးခဲ့မှာကိုကြောက်လို့..
ပိုင်က အရမ်းဆိုးနေရင်တောင် အရင်စိတ်တွေ
အတိုင်း မလုပ်မိအောင် မနည်းထိန်းချုပ်ထားခဲ့
ရတာ။သဝန်တိုတတ်လွန်းတဲ့စိတ်ကို ဖျောက်ပစ် ထားရတာ လွယ်တယ်များထင်လား"

A Forgotten Love[Completed]Where stories live. Discover now