Unicode
//နောက်ကျခဲ့ပြီဖြစ်တဲ့ ဂရုစိုက်ပေးမှုတွေ..//
ဒူးရင်းပီဇာ အပိုင်းတစ်ချပ်ကို ဟယ်ရီစားရင်း
ပိုင်စိုးကိုလည်း ပြုံးပြနေသည်။ပိုင်စိုးထင်ခဲ့
သလိုမျိုးနှင့်လည်း တက်တက်စင်အောင် လွဲနေ
သည်လေ။ဟယ်ရီ့ဘက်က ဘာမှမဖြစ်သလိုနဲ့ ခံစားချက်တို့ကိုလည်း လွယ်လွယ်မတွေ့ရတတ်
တော့။သည်ပုံစံတွေကပင် ပိုင်စိုးအား ပိုကာ
အထိတ်တလန့်ဖြစ်နေရစေသည်။ဖောင်းအစ်နေ
ခဲ့သည့် ဟယ်ရီ့မျက်ခွံတွေ..ငိုထားခဲ့မှန်း သိသာ
လွန်းနေသည်။"ဟယ်ရီ နေ့လယ်က.."
"အင်း နေ့လယ်က ငါဘာမှမဖြစ်ဘူး။
အဲ့အကြောင်းကို မပြောဘဲနေပေးလို့ရမလား"ပိုင်စိုး ဘာမျှဆက်မပြောဖြစ်တော့ဘဲ ခေါင်းကို
သာညိတ်ပြမိသည်။ပြေသုနဲ့ကိစ္စက ဟယ်ရီထင်
သလို မဟုတ်ခဲ့ပါဘူးလို့ သူရှင်းပြဖို့ ပိုင်စိုးဆီ၌ စိတ်ကူးလည်းမရှိပါ။ဒီထက်ပိုပြီး ဟယ်ရီခံစားသွားရမှာကိုပိုင်စိုး
မလိုလာချေ။ဘယ်လောက်တောင် ငိုထားခဲ့
သလဲဆိုတာ ဟယ်ရီ့မျက်ခွံတွေက သက်သေ
ပင်။သို့သော်ငြား ဟယ်ရီအလုပ်ထွက်တဲ့ ကိစ္စ
ကိုတော့ ပိုင်စိုးပြောဖို့ စကားစဖြစ်လိုက်သည်။"အလုပ်ထွက်လိုက်တာ ကြာပြီဆို"
"အင်း ဒီလိုပါပဲ"
"အဆင်ပြေရဲ့လား။ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ"
"ပြောပြခွင့်ရော မင်းပေးခဲ့သလား။
ငါ အဆင်ပြေရဲ့လားလို့တောင် မင်းသတိ
ထားပြီး ကြည့်ခဲ့မိတာများရှိသလား။
မင်းမှာ မရှိခဲ့ဘူးလေ၊မင်းအနားကို ကပ်မိတာ
နဲ့ မောင်းထုတ်ခံခဲ့ရတာတွေပဲရှိတယ်။စိုးစံနဲ့
စွပ်စွဲပြီး ငါ့သိက္ခာကိုတောင် အထင်သေးနေခဲ့
သေးတာပဲ"စားလက်စ ဒူးရင်းပီဇာတစ်စိတ်ကို ပန်းကန်
ပေါ်ပစ်ချလိုက်ပြီး ဟယ်ရီက ရေကိုသောက်လိုက်
သည်။ပိုင်စိုးဆီမှ တန်ပြန်လာမည့်စကားတို့ကို
လည်း ဟယ်ရီ မမျှော်လင့်တော့ပါလေ။စကားသံတွေ တိတ်ဆိတ်သွားပြီး အဲသည့်နောက်
ပိုင်း ပိုင်စိုးဆီမှ သက်ပြင်းချကထွက်လာ၏ရ
ဟယ်ရီ့ကို ကြည့်လာသော သူ..ယဲ့ယဲ့ကလေးများ
ပြုံးပြနေခဲ့သေးသလား။
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...