Unicode
//ဒါက သဝန်တိုခြင်းလား။
မဟုတ်ဘူး အဲ့တာ အတ္တတွေပေါ့..//မေတ္တာတွေက အသွားတော့ရှိပြီး၊ပြန်လာဖို့ကျ
တော့ လမ်းပျောက်နေခဲ့ပုံပဲ။ဒီလိုနဲ့လျစ်လျူရှု
ထားခံရမှုတွေမှာ နေသားတကျဖြစ်လာခဲ့တယ်။"ဒီနေ့လည်း အစောကြီးထသွားပြန်ပြီ..အိပ်ရေး
မဝလို့ ပင်ပန်းနေတော့မှာပဲ။နောက်နေ့ကစပြီး
ငါကပဲ အစောကြီးထပေးမှာမို့..မင်းကတော့ အိပ်ရေးဝဝ အိပ်ဖို့လိုတယ်နော်""အင်း..ဒါမှ ဒီဒူးရင်းသီးကောင်က ငါ့ကိုမုန်း
နေဖို့ အားပိုရှိမှာပေါ့"မနက်အိပ်ရာနိုးလာတဲ့အခါ ဘေးဘက်နေရာ
မှာ လစ်ဟာနေမယ်။ပိုင့်ရဲ့ကိုယ်ငွေ့တွေလည်း
ပျောက်ဆုံးနေလိမ့်မယ်။ဒါ ပိုပိုပြီးဝေကွာ
လာကြခဲ့တဲ့ အခြေအနေတစ်ရပ်ကို ဖော်ပြ
နေခဲ့သလိုမျိုးပေါ့။ညအိပ်ရာဝင်ရင် မျက်နှာ
ချင်းဆိုင်လှဲပြီး စကားတွေ ဖောင်ဖွဲ့ပြီးလည်း
မပြောပြဖြစ်တော့ဘူး။ပြောပြခွင့်လည်းမရှိ
တော့ဘူး။အရင်အချိန်တွေဆီကို ပြောင်းပြန်
ပြန်လှည့်ပြီး ဦးတည်ခုတ်မောင်းနေခဲ့ခြင်းမျိုး
များပါလား။တစ်စတစ်စနဲ့ အထီးကျန်ဆန်လာခဲ့တဲ့
ဟယ်ရီ့ရဲ့ချစ်ခြင်းမေတ္တာတွေ။မနက်စာ စားဝိုင်းက တိတ်ဆိတ်နေပြီး
တစ်စုံတစ်ယောက်ကို လိုအပ်နေခဲ့ပုံပေါ်နေတယ်။
အဲသည့်တစ်စုံတစ်ယောက်ကိုယ်တိုင် ပြုတ်ပေးခဲ့
ဖူးတဲ့ ဆီချက်ခေါက်ဆွဲလေးတစ်ပွဲကို တပ်မက်
မိတဲ့အခါ ကော်ဖီတစ်ခွက်နဲ့ အစားထိုးခဲ့ရတဲ့
အဲဒီမနက်စာ စားချိန်အခိုက်အတန့်တွေ။"မနက်စာလေးတော့ စားသွားသင့်တာကို..ပိုင်က
ငါ့ကို အရမ်းမုန်းနေတဲ့ပုံပဲ။ဘာအပြစ်မှလည်း
မရှိဘဲနဲ့လေ..သူက ဘာလို့မုန်းနေရတာလဲ"မသိနိုင်ခဲ့တဲ့ အမှန်တရားတွေကတော့
လျစ်လျူရှုထားခံရတဲ့ အဲဒီမေတ္တာတွေထဲမှာ
ရောထွေးနေတယ်။___________/////////___________
"ဟဲ့ အဲ့တာသူလေ..အဲဒီဓာတ်ပုံထဲက တစ်ယောက်"
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...