A Forgotten Love-4

30.4K 2K 351
                                    

Unicode

//တစ်ခါလောက် နူးညံ့ပေးပြီးရင်
အပြန်အလှန် ရက်စက်တတ်တာမျိုးလား//

ဟယ်ရီဖျားနေတာ နှစ်ရက်တောင်ရှိပြီ။
အလုပ်ကိုလည်း ခွင့်တင်ခိုင်းပြီး အိမ်မှာနေခိုင်း
တဲ့ ပိုင်စိုးရဲ့စကားကို ဟယ်ရီနားထောင်မိတာ
ပါပဲ။

ပိုင်စိုးက ဘယ်ကိုမှမသွားဘဲ ဟယ်ရီ့အနားမှာ
ရှိနေပေးလို့ ဟယ်ရီပျော်ပါသည်။ဒါက စိတ်ခံစား
ချက်ကို သက်သာစေတယ်လေ။

"သက်သာရဲ့လား ဟယ်ရီ..ဘာစားချင်လဲ ငါသွား
ဝယ်ပေးမယ်"

"မစားချင်ဘူး..အိပ်ချင်နေလို့"

"အိပ်နေလို့ပဲ မရဘူးလေ..ထထိုင်ဦး။မင်းစားဖို့
ငါတစ်ခုခုလုပ်ပေးမယ်"

ပိုင်စိုးက ဟယ်ရီ့နဖူးကို အသာစမ်းကြည့်နေရင်း ပြောလာသည်။ဟယ်ရီက လှဲအိပ်နေတုန်းမို့
ပိုင်စိုးက ထူပေးရင်း သူ့ရင်ခွင်ထဲသို့ မှီတင်းခွင့်
ပေး​၏။ဟယ်ရီ့ရင်ခုန်သံတွေက မင်းပိုင်စိုးသူ
နှင့်ပတ်သက်လျှင် ထိန်းသိမ်းထားဖို့ပင် ခက်ခဲ
နေတတ်သည်။

ဒီဂရုစိုက်မှုသေးသေးလေးတွေက ပဲ့ကြွေသွား
တဲ့အပိုင်းအစတွေကို ကော်နဲ့ပြန်ဆက်ပေးနေ
သလိုပဲ။ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်ပြီးပဲ့ကြွေ
သွားဦးမှာလဲဆိုတာ ငါမသိဘူး။

"စားရတာ အဆင်ပြေရဲ့လား ဟယ်ရီ..
ကောင်းရဲ့လား"

"အင်းကောင်းတယ်..မင်းပြုတ်ပေးတဲ့ ဆီချက်က ငါ့ကို ခံတွင်းတွေ့စေတယ်။မင်းလည်း စားလေ..
အခုထိ ပန်းကန်ထဲမှာ အရာမယွင်းသေးဘူး"

ဟယ်ရီက ပိုင်စိုးကိုယ်တိုင်ပြုတ်ထားပေးသော
ပိုင်စိုး​၏ ဆီချက်ခါက်ဆွဲတစ်ပွဲအား အရသာရှိရှိစားနေမိတော့​၏။ဒါက သူ့အတွက်အရသာအရှိ
ဆုံး အစားအစာတစ်ခုလိုပင်။ခေါက်ဆွဲဖက်တို့
ကို ခရင်းနှင့်လိမ်ပတ်ကာ အလုပ်ကြီးတစ်လုပ်
ကို ဟယ်ရီစားလိုက်ရင်း ပိုင်စိုးကိုမော့ကြည့်လိုက်
မိသည်။

"ဘာကြည့်နေတာလဲ စားလေပိုင်စိုး"

"အင်းပါ..မင်းစားနေတာလေးက တစ်မျိုးလေး
မို့လို့"

A Forgotten Love[Completed]Where stories live. Discover now