A Forgotten Love-28

17.7K 1K 121
                                    

Unicode

//ဒီလမ်းခွဲမှာ မင်းရှေ့ဆက်သွားတဲ့အခါ
ကိုယ်ကတော့ ရပ်ကျန်နေခဲ့မယ် ဟန်နီ//

အစဉ်အလာမပြတ် ပိုင်ကတော့ ဟယ်ရီ့နောက်သို့
လိုက်လာပြန်သည်။မကြာခင် မတွေ့ရတော့မည့်
သူတွေလည်းဖြစ်လို့ ဟယ်ရီ,မောင်းလည်းမထုတ်
ဖြစ်တော့ပါ။1960 ခုနစ်ကျော်လောက်ရဲ့ အငွေ့
အသက်တွေရှိနေဆဲဖြစ်တဲ့ စာအုပ်ဆိုင်ကို ဟယ်ရီသွားခဲ့သည်။ဒါလည်း ပိုင်နဲ့အမှတ်တရတွေရှိခဲ့တဲ့နေရာ။ဖတ်ချင်တဲ့ စာအုပ်တွေကိုရွေးတော့ ပိုင်က ကူသယ်ပေးပြီး ကြိမ်စားပွဲပေါ်သို့ သွားတင်ပေးရှာ​၏။

"ကိုယ်ဖျော်ပေးမယ် ဟယ်ရီ၊သွား စာအုပ်သွားဖတ် နေလေ"

ကော်ဖီဖျော်သောက်ဖို့လုပ်တော့ ပိုင်က ဖျော်ပေးဖို့လုပ်​၏။ကြိမ်ကုလားထိုင်မှာ ထိုင်ချရင်းစာအုပ်ကို စဖတ်ဖြစ်တော့ ပိုင့်ကိုလည်း သူလှန်းကြည့်မိတာ အခါခါပါ။

ဆိုင်အတွင်း၌ ကျွန်းရောင်သစ်သားပြားတို့နှင့် အလှဆင်ထားပြီး၊မီးသီးမှ ဝါဖန့်ဖန့်အလင်းရောင် တို့ဖြင့် လင်းနေသည်။Bonsaiပင်တွေလည်း ရှိကာ၊ဂန္ဓမာဖြူဖြူတို့အား ကြွေထည်ပန်းအိုး အကြီး၊အငယ်တို့ဖြင့် သေသေသပ်သပ် အလှဆင်ထားကြသည်။

သစ်သား ခေါက်ကုလားထိုင်ဘေးတွင် ရှေးခေတ် ကြိုးဖုန်းတို့ကိုလည်း ခင်းကျင်းအလှပြထားသည်။မြန်မာ့တူရိယာဖြစ်သော စောင်းကိုလည်း
ထည်ထည်ဝါဝါထားရှိထားသေး၏။ဟယ်ရီ
အသာငေးကြည့်ဖြစ်တော့ အရှေ့စားပွဲပေါ်သို့ ကော်ဖီခွက်ပင် ရောက်နေခဲ့ပြီ။

"မင်းရဲ့Bonsaiပင်တွေလည်း နေကောင်းတယ်
ဟယ်ရီ"

ပိုင့်ကို မျက်လုံးလှန်ကြည့်ဖြစ်ပြီး ခွန်းတုံ့တော့
မပြန်မိချေ။စာအုပ်ကို ဆက်ပြီးဖတ်တော့ ပိုင်က ငေးကြည့်နေမှန်း သိသာ​၏။ဒါကိုလည်း မသိချင် ယောင်ဆောင်ရပြန်သည်။

ပိုင်က သိပ်ကို ရဲတင်းလွန်းမနေဘူးလား။
စာအုပ်လည်း မဖတ်၊ကော်ဖီလည်းမသောက်ဘဲ
နဲ့ လက်ကိုပိုက်ပြီး ခြေထောက်နှစ်ဖက်ကို ခုံပေါ်
တင်၍ တင်ပလ္လင်ခွေထိုင်နေတာလည်းဖြစ်​၏။ဟယ်ရီ့ကို ခိုးကြည့်သည်လည်းမဟုတ်၊ပေါ်ပေါ်
ထင်ထင် မမှိတ်မသုန် စိုက်ကြည့်နေသည်။

A Forgotten Love[Completed]Où les histoires vivent. Découvrez maintenant