A Forgotten Love-21

21.5K 1.3K 154
                                    

Unicode

//ရှင်းမပြဖြစ်ခဲ့တဲ့ အကြောင်းတရားတွေထဲမှာ
'မင်းကိုချစ်တယ်'//

မျက်လုံးနှစ်လုံးကို မဖွင့်ရသေးပေမဲ့ ဟယ်ရီ
အနမ်းခံနေရပြီမှန်းလည်း သိသည်။ပိုင်စိုးက တကယ့်ကို ပိုင်စိုးပိုင်နင်းပြုနိုင်လွန်းသူရယ်ပါ။ဟယ်ရီ့မျက်နှာနေရာအနှံ့ကို လိုက်နမ်းနေပြီး တဟားဟားနဲ့လည်း အော်ရယ်နေတတ်တဲ့သူ။

နောက်ဆုံးတော့ ဟယ်ရီ့ကန်ချက်တွေက ပိုင်စိုး​၏ခါးဆီသို့ တန်းမတ်စွာပင် ရောက်ရှိသွား
သည်။ပိုင်စိုးက အကန်ခံရသူဖြစ်ပြီး နာရသူကတော့ ဟယ်ရီသာလျှင်ဖြစ်မည်။

"အား! ခွေးသူတောင်းစား..မင်းငါ့ကို
စောက်ရမ်းလုပ်ထားတာ"

"ဪ ဪ..ဆဲဖို့တော့ အားရှိသေးတာပဲ။
နိုးရင်လည်းထတော့ အိပ်ရာခင်းလဲမလို့"

"ငါပဲ လဲနေကျကို ဘာစောက်ရူးထပြန်ပြီလဲ"

အပြောတွေက မနူးညံ့ပေမဲ့ ပိုင်စိုးကိုကြည့်နေတဲ့ ဟယ်ရီ့ မျက်ဝန်းတွေကတော့ နူးညံ့နေသေးတာ
ပဲ။ဘယ်မှာလဲ ပိုင်စိုးအတွက် အမုန်းတွေဆိုတာ။
ရှာကြည့်ရင်လည်း တွေ့မှာမဟုတ်။ရှိမှ မရှိခဲ့ဘဲ။ဟယ်ရီ့ဆီမှာကိန်းအောင်းနေတာတွေက ချစ်ခြင်းမေတ္တာတွေပဲဖြစ်တယ်။

ပိုင်စိုးကိုယ်တိုင်ပဲ အိပ်ရာခင်းတွေကိုလဲပြီး၊အဝတ်လျှော်စက်ထဲ ထည့်လျှော်နေသည်။
ပြီးလျှင် ဝရန်တာဘက်သို့ ထွက်လှန်းနေသည်။
မနက်ခင်း၌ နေသာနေ၍ မခြောက်ရန်စိုးရိမ်စရာတော့မလိုပါ။

"ဟယ်ရီ.."

"ပလုတ်တုတ်!"

ပိုင်စိုးအသံကိုကြားတော့ ရုတ်တရက်မို့ ဟယ်ရီ
လန့်ပြီး လက်ထဲက ပြက္ခဒိန်လည်း ပြုတ်ကျသွားသည်။ပြက္ခဒိန်ကို ပြန်ကောက်ဖို့ကြိုးစားပေမဲ့
လက်ဦးသွားသူက ပိုင်စိုး။အံ့ဩရိပ်တွေနဲ့ပိုင်စိုးက ဟယ်ရီ့ကို မော့ကြည့်လာသည်။ပြက္ခဒိန်ပေါ်မှာ ကြက်ခြေခတ်အနီရောင်အမှတ်သားတွေနဲ့ပြီးခဲ့
ပြီဖြစ်တဲ့ ရက်စွဲတချို့တွေ။သေချာတွက်ကြည့်
လျှင် နှစ်ပတ်ကျော်ဟူသည့် အချိန်ကာလ။

A Forgotten Love[Completed]Tahanan ng mga kuwento. Tumuklas ngayon