A Forgotten Love-35

18.1K 1K 141
                                    

Unicode

//ဆန္ဒနဲ့မေတ္တာ...
ဒီရပ်ဝန်းကို မင်းပြန်မလာပါ//

အလုပ်များပိနေ၍ ပိုင့်မှာ ဆန္ဒလေးကိုလည်း
မထိန်းနိုင်သေးတော့ ပိုင့်မေမေဆီ၌သာ အပ်ထားရသည်။မြေးအဘွားနှစ်ယောက်သား မုန့်တစ်ခု
မဟုတ်တစ်ခု လုပ်စားတတ်တော့ မီးဖိုခန်းထဲမှ
ဆန္ဒ​၏ မပီတပီအသံများက စာစာကလေးပင်
ထွက်လာတတ်သည်။

စိုးစံ ပြန်ရောက်လို့ထင်သည် ဆန္ဒလေးဆီမှ
"ချိုးချံ"ဟူသော စိုးစံဆိုသည့် ခေါ်သံကိုပင် အခန်းထဲမှ ကြားနေရသည်အထိ ဆန္ဒကအသံအောင်
သည်။

"ပိုင်လေး မင်းရဲ့သား ငါ့ကို ဦးဦးလို့ခေါ်ဖို့
သင်ပေးစမ်းပါဦးကွာ။ငါ့ကိုတွေ့ရင် ချိုးချံ၊
ချိုးချံနဲ့ စကားလည်း မပီဘူး"

"တောက်တောက်က ဖေနယ် ခေါ်ရို့ဟာကို"

"ကောက်ကောက်ရဲ့ဖေငယ်က ဆိုးလို့..ဦးဦးကို
စိုးစံလို့ခေါ်တာလေ"

"ဟွန့်နော် တောက်တောက် ဖေနယ်က ချိုးဘူး။
ဖေနယ်က အားကြီး စိတ်ကောင်းတာ"

စိုးစံနှင့်ဆန္ဒကိုကြည့်ကာ ပိုင်ကပြုံးနေတော့​၏။
စိုးစံက ပိုင့်ကိုပြောလျှင် ဆန္ဒလေးက မကြိုက်။
ငြိမ်လည်း မခံတတ်ဘဲ၊ပိုင်က စိတ်ထားကောင်း
သည်ဟုပင် ပြန်ချေပတတ်သည်က အမြဲလိုလို
သာ။ဦးလေးနဲ့မတည့်တော့ စိုးစံပေါ်မှ အတင်းကော့
ဆင်းရင်း ပိုင့်ပေါင်ပေါ်သို့ ကုန်းတက်လာသည်။

"တောက်တောက် ရရော့ဝူး..ဖေနယ်ကယ်ကယ်"

​ညာခြေတစ်ဖက်မှ ပိုင့်ပေါင်ပေါ်သို့ ရောက်နေပြီး ကျန်တစ်ဖက်က ရပ်လျက်သားပင်။မရတော့ဘူး
ဆိုကာ ကယ်ခိုင်းနေသော ဆန္ဒကိုကြည့်ရင်း
ပိုင်ကရယ်မိပြန်တော့ ဆန္ဒ​၏ရယ်သံလေးလည်း ထွက်လို့လာတောါသည်။

ဆန္ဒက ပိုင့်မျက်နှာအမူအရာတို့ကို အရိပ်အကဲ
ကြည့်နေတတ်သည်။ပိုင့်မျက်နှာမကောင်းလျှင် ဘေး၌ငုတ်တုတ်ကလေး ကပ်ထိုင်လျက် စကား
လည်းမပြောရှာဘဲ ပိုင့်ကိုသာကြည့်နေတတ်သည်။
ညဘက်၌ ဆန္ဒလေးတစ်ရေးနိုးလို့ ပိုင်စိုး ထိုင်ငိုနေတာကိုတွေ့တိုင်း ချော့ပေးတတ်သည့် ထိုကလေး​၏ အသက်က နှစ်နှစ်မျှသာရှိသေးသည်။

A Forgotten Love[Completed]Where stories live. Discover now