A Forgotten Love-13

18.5K 1.2K 112
                                    

Unicode

//ပစ်ပယ်ခံရခြင်းမှ ကြိုဆိုခြင်း//

ချစ်ပါတယ်လို့ပြောလာလည်း မျှော်လင့်မိတဲ့
လူဆီကမှ မဟုတ်တော့ ငြင်းပယ်လိုက်မိတာ
ပဲ။အားနာပြီး မငြင်းမိရင်လည်း ဒါက သူ့အလွန်
ဖြစ်သွားမှာပေါ့။ဇွဲလွန်းပြည့်နဲ့ ပြဿနာဖြစ်ခဲ့
ပြီးတဲ့ ညကနေစပြီး ခရီးကနေပြန်လာဖြစ်ကြ
တဲ့အထိ ဟယ်ရီ ခပ်ကင်းကင်း၊ခပ်တန်းတန်း
သာနေဖြစ်တော့သည်။ထပ်ပြီးတစ်ဖက်လူ
အထင်လွဲစေမဲ့ ဆက်ဆံပေးမှုတွေကိုလည်း
မလုပ်ချင်တော့ပါ။

"ပိုင် ငါပြန်လာပြီ..မင်းကိုလွမ်းနေတာ"

"သွားစမ်းပါကွာ! အာရုံနောက်တယ်"

အိမ်ကို ပြန်ရောက်လာခဲ့ပြီမို့ ပိုင်စိုးကို
ပြေးဖက်လိုက်မိတာ ဟယ်ရီ့အလွန်လား။
ဖက်တွယ်မှုကို တွန်းချပစ်ဖို့အထိ ပိုင်စိုးက
ရက်စက်နိုင်ခဲ့ပုံပါပဲ။ခေါက်လဲထားတဲ့
ခြေထောက်ကလည်း သက်သာမလာသေးဘဲ
ပိုင်စိုးရဲ့အားနဲ့ တွန်းဖယ်ပစ်မှုတွေကြောင့်ပဲ
အရိုးတွေ၊အသားတွေထဲကနေ စိမ့်ခနဲဖြစ်ပြီး
တော့ နာကျင်လာခဲ့ရပြန်ပါတယ်။ပိုင်စိုးကို အဆက်အသွယ် လုပ်လို့မရတော့တဲ့ အဲဒီ
နောက်ပိုင်းတွေမှာဟယ်ရီရဲ့ လွမ်းရခြင်းတွေ
က ပိုပိုပြီး သရုပ်ပီပြင်လာခဲ့တာပဲ။အိမ်ပြန်
ရောက်ရင် တွေ့ရမှာပါဆိုတဲ့ စိတ်ကလေးနဲ့
အားတင်းလာခဲ့ရပေမဲ့လည်း အခုတော့ ရင်ထဲ
မှာ နင့်နင့်စူးစူးဖြစ်ရပြန်ပါပြီ။

"ငါ..ငါ ဘာအမှားလုပ်မိလို့လဲ ပိုင်စိုး။
မင်း မကျေနပ်တာများရှိလို့လားဟင်။ငါ့ကိုပြောလေ..ငါတောင်းပန်မှာပေါ့"

"ရွံစရာ.."

ပိုင်စိုးက ဟယ်ရီ့ကိုကျော်သွားပြီးမှ အနောက်
သို့ ပြန်လှည့်ကြည့်လာသည်။လဲကျနေရာမှ
မထရ သေးသည့် ဟယ်ရီက ပိုင်စိုးကိုကြည့်
မနေခဲ့တာမို့ ပိုင်စိုးမျက်ခုံးတွေတွန့်ချိုးသွား
သည်။ဟယ်ရီ့ ခြေထောက်က ပတ်တီးကိုမြင်
တော့ ပိုင်စိုးရဲ့မျက်ဝန်းတွေက အနည်းငယ်
လှုပ်ရှားသွားခဲ့သလားပဲ။ဟယ်ရီ့ဆီမှအကြည့်
တို့ကို လွှဲချပစ်လိုက်သည်။

A Forgotten Love[Completed]Where stories live. Discover now