A Forgotten Love-42

17.6K 919 60
                                    

Unicode

//ဒီနွံဟာ မေတ္တာနွံပါ။
မင်းဘက်ကလည်း ပေးကမ်းပါ//

စိုးစံ​၏မင်္ဂလာပွဲပြီးနောက် ပိုင့်မှာလည်းတော်
တော် ပင်ပန်းနေပြီဖြစ်သည်။သားက ဂျီမကျ
တတ်တော့ သိပ်တော့လည်း လိုက်မထိန်းလိုက်
ရပါ။ခြံထဲ၌ ပါတီပွဲလုပ်ကြပေမင့် အောက်ကို
လည်းဆင်းမသွားချင်တော့ သားနှင့်သာဆော့
ပေးနေရသည်။

"ဖေနယ် ဟိုရူချိုးတွေ ပြန်သေးဝူးရား"

"ဦးဦးJakeတို့က စိုးစံနဲ့ အရက်သောက်နေ
ကြတာလေ။သူတို့က မိုးချုပ်မှပြန်မှာ"

"ဒက်ဒက်ကို ထော်ပေးဖေနယ်၊တောက်တောက် ရွမ်းနေပြီ"

သားက ပေါင်ပေါ်တက်ထိုင်လာရင်း ဟယ်ရီ့ကို ခေါ်ခိုင်းလာသည်။သားကိုချီကာ ဝရန်တာဘက်
ထွက်ရပ်ကြည့်တော့ ခြံထဲက ပါတီပွဲကိုလည်း
မြင်ရ​၏။ဟယ်ရီက ခမ်းတို့နှင့်တစ်ဝိုင်းထဲထိုင်
နေပြီး စကားလက်ဆုံကျနေသည်။စိုးစံကတော့ ခင်ထူးမွန်လက်ကိုဆွဲကာ မိတ်ဆွေများကိုပင်
လိုက်နှုတ်ဆက်နေသည်။

"စိုးစံက ဖေငယ်တို့ကိုတောင် မေ့နေပြီ"

"ဟုတ်ပါဝူး ဖေနယ်ရယ်..ချိုးချံက
တောက်တောက်တို့ကို ချစ်ပါရယ်၊
စိတ်ကောင်းဖြစ်နဲ့နော်"

ပိုင့်မျက်နှာ မရွှင်မလန်းဖြစ်သွားတော့ သားက
မနေနိုင် ချော့ရှာသည်။စိုးစံက လက်ထပ်သွား
တော့,အမှန်ဆိုရရင် ပိုင်,စိတ်မကောင်လည်း
ဖြစ်နေမိသည်။

သူ့အစ်ကိုကို အကောင်းမြင်လက်ခံလာနိုင်ခဲ့
တာမှ တစ်နှစ်ကျော်ကျော်သာ ရှိသေးသည်ပဲ။
သားက ဟယ်ရီ့ကို လှမ်းခေါ်တော့ သားအသံက အောင်လွန်းလှသည်။ဟယ်ရီက အပေါ်ကို
မော့ကြည့်လာရင်း Jakeတို့ကို တစ်ခုခုပြောပြီး
နောက် အိမ်ထဲသို့သာဝင်ချလာ​၏။

"ဒက်ဒက် ရာပြီ..ဖေနယ့် ဟီရယ်ရေး ရာပြီ"

သားက လက်ခုပ်တီးကာ တခစ်ခစ်ရယ်တော့
ပိုင့်ခမျာ သား​၏ပါးသို့ တရွှတ်ရွှတ်နမ်းမိတော့
သည်။တံခါးခေါက်သံနှင့်အတူ ပိုင်ဟု အသံပြု
ရင်းအခန်းထဲသို့ ဝင်လာသူကတော့ ဟယ်ရီ။အရက်လေးလည်း သောက်ထားတော့ ယိုင်တိုင်
တိုင်လေးလည်းဖြစ်နေသည့်ပုံပင်။ပိုင်သည်
သားကို အောက်ချပေးရင်း ဟယ်ရီ့ကိုလည်း
ပြေးဖက်မိသွားသည်။

A Forgotten Love[Completed]Where stories live. Discover now