Unicode
//မျက်ရိုးဆက်နားက အမာရွတ်..။
ဒါ မင်းပေးခဲ့တဲ့ အပြစ်ဒဏ်တွေထဲက
တစ်ခုပဲပေါ့ ဟန်နီရဲ့//မူးအောင်လို့ လှိမ့်သောက်နေခဲ့မိတဲ့ ဒီအရက်တွေ။လည်ချောင်းထဲကို ပူပြင်းပြင်း စီးကျသွားတော့
ဒါ ခါးသက်သက် ပူပြင်းမှုတွေ၊နောင်တတွေနဲ့
ဟန်နီ့ကို လွမ်းတဲ့ စိတ်တွေပဲဖြစ်တယ်။နောက်ထပ် တစ်ခွက်ထပ်သောက်မယ်ကြံတော့ ထက်အောင် အဲသည့်ကောင်က ဆွဲတား၏။"တော်တော့လေ ပိုင်စိုး၊မင်း အရမ်းများနေပြီ"
"ပိုင်ကြီး မင်းအသည်းကွဲနေတယ်ဆိုလည်း
အသစ်လေးရှာလိုက်ပေါ့ကွာ။ငါ့မှာ အလန်း
လေးတွေ ရှိတယ်"ဘုန်းထက်အပြောကြောင့် ပိုင်စိုးက ထရယ်၏။
သည်ကောင်ပြောတဲ့ အလန်းလေးတွေဆိုတာ
ကောင်မလေးတွေကို ရည်ညွှန်းနေတာ။ကိုယ်က ဟယ်ရီ့ကိုပဲ သဘောကျတာလေ၊
အများကြီး..။"ငါက gay.."
ပိုင်စိုးအသံထွက်လာတော့ အောင်ထက်တို့
အားလုံး ဟင်ခနဲ၊ဟာခနဲတွေဖြစ်လို့။ငါက
Gayဆိုပြီးတော့လည်း ပိုင်တစ်ခါမှ ထုတ်မပြော
ဖူးသလို၊ဝန်လည်း မခံ့ခဲ့ပါ။ဒါဟာ ပိုင်ထုတ်ပြော၊
ဝန်ခံခဲ့တဲ့ ပထမဆုံးဆိုတဲ့ အကြိမ်ပဲဖြစ်ခဲ့တယ်။"Gayဖြစ်နေလို့ မပေါင်းချင်ဘူးဆိုလည်း
မပေါင်းကြနဲ့""မဟုတ်ပါဘူး၊အဲ့လို မဟုတ်ပါဘူးကွာ။
ငါတို့က အံ့ဩသွားရုံပါ။ဒါပေမဲ့ မင်း
အရင်ထဲက gayမှန်းတော့သိတယ်လေ၊
ဒီလိုဝန်ခံမှာကိုတော့ တကယ် ထင်မထားမိဘူး""မမသုကို မင်းကြိုက်နေတာမဟုတ်ဘူးလား။
ပြီးတော့ အစ်ကိုဟယ်ရီ့ကိုလည်း မင်းမှမချစ်တာ"ကောင်းသုတို့၊ထက်အောင်တို့ ပြောတော့ ပိုင်က ရယ်ပြန်သည်။ရေခဲတုံးကို ညှပ်ဖြင့် ဖန်ခွက်ထဲသို့ထည့်ရင်း ထပ်ရယ်လာပြန်သည်။ပိုင်စိုး အတော်လေးလည်း မူးနေပြီဖြစ်သည်။
ရေခဲစိမ် ဝီစကီတစ်ခွက်ကို မော့သောက်ချပစ်
လိုက်ရင်း စားပွဲပေါ်သို့ ဖန်ခွက်ကိုစောင့်ချပစ်လိုက်၏။
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...