A Forgotten Love-32

18.2K 1K 78
                                    

Unicode

//မင်းရဲ့ဓာတ်ပုံကိုလည်း ငါတွေ့ရတယ်။
မင်းအသံလေးလည်း ငါကြားရတယ်။
မင်းကိုပွေ့ဖက်ထားခွင့်တော့ ငါ့မှာမရှိခဲ့..//

မနက်ခင်းမှာ နိုးထတော့ မင်းရဲ့ပုံတွေက စီးကြို
နေတယ်,ပိုင်။ဟုတ်တယ် အိပ်ခန်းထဲမှာ နံရံကစလို့ မျက်နှာကြက်အဆုံး မင်းပုံတွေနဲ့လေ ပိုင်ရဲ့။ဒါတွေနဲ့ပဲ အလွမ်းဖြေရတာပေါ့။ဖုန်းကိုဖွင့်တော့ စိုးစံပို့ထားပေးတဲ့ မင်းရဲ့ဓာတ်ပုံ။

"ပိန်ကျသွားလိုက်တာ ပိုင်ရာ"

မချင့်မရဲရေရွတ်ဖြစ်တော့ ဒီလူက မျက်ရည်ကျ
တယ် ပိုင်ရဲ့။မနေနိုင်မထိုင်နိုင် ပိုင်နေကောင်းရဲ့လားလို့ စိုးစံကိုမေးဖြစ်ခဲ့တာ အဆက်အသွယ်လုပ် ဖြစ်တိုင်း လိုလိုမှာ။

"ပိုင်လေး နေကောင်းပါတယ်။အရင်လိုပဲ အလုပ် များတော့ ပိန်ကျသွားတာ။ထမင်းလည်း ကောင်းကောင်းစားတယ်။အိပ်လွန်းလို့ မေမေဆို မနည်းနှိုးယူရတယ်။အပြင်တွေလည်း သွားတယ်။
သူ အဆင်ပြေနေပါတယ်။ကျန်းမာရေးကောင်း
တယ် ဟယ်ရီ၊စိတ်မပူနဲ့ "

မေးတိုင်းလည်း ပြန်ဖြေလာတာ သည်စကားတွေ။
ပိုင့်အခြေအနေပုံစံကို စိုးစံ အမှန်တိုင်းလည်း
မပြောပြဖြစ်ပါ။ဟယ်ရီ့ကို ပိုင့်ကြောင့်နဲ့လည်း
စိတ်မဆင်းရဲစေချင်တော့။သည်ဇာတ်လမ်းကို
စိုးစံကိုယ်တိုင် ကြားဝင်ဖြတ်မိတာ အမြဲလိုလို။
အခုနောက်ပိုင်း ဟယ်ရီက ပိုင်နေကောင်းရဲ့လား
လို့မေးရင် ကောင်းပါတယ်ဆိုတဲ့ စကားလုံးနဲ့တင် စကားဦးကြိုပိတ်ထားပစ်တတ်တော့သည်။

"ကျေးဇူး ဟယ်ရီ"

အသံfileကို ဖွင့်ကြည့်ဖြစ်တော့ ဒါ ပိုင့်ရဲ့အသံ။
ဖျော့တော့တော့ လေသံငယ်လေးက နေကောင်း
ပါတယ်ဆိုတာရော ဟုတ်ရဲ့လား။မင်းဆီကနေ
ထွက်ပြေးတော့ ရေမြေရပ်ခြားကိုလည်း
ရောက်လာပါရဲ့၊မင်းဆိုတဲ့ စိတ်အာရုံတွေဆီကနေ ထွက်ပြေးတိုင်း လွတ်မြောက်ပါတယ်ဆိုတာမျိုးတွေလည်း ရှိမလာခဲ့။ဖျော့တော့တော့ အသံလေး
ရယ်၊ပိန်ကျသွားတဲ့ မင်းဓာတ်ပုံကို ယှဉ်တွဲမိတော့ ဒီရင်မှာ ဗလောင်ဆူလာတော့တာပဲ။

A Forgotten Love[Completed]Where stories live. Discover now