A Forgotten Love-47

12.9K 716 37
                                    

Unicode

//ဒေါသဖြစ်တည်ခြင်းမှာ စိတ္တဇနာမ်တွေ
လည်း ကပ်ပါလာတယ်။ဒါဟာ စိုးရိမ်စိတ်
ဖြစ်ပြီး ပိုင့်ကိုထိခိုက်စေလို့//

နေရောင်သည် သိပ်တော့မပြင်းရှလှ။
ဘိုးဘိုးပိုင်သည့် ဒူးရင်းခြံကိုလာဖြစ်ကြတော့
သားကလည်း မပါမဖြစ်ပါလာသည်ပင်။
နေရောင်သည် မပြင်းဟုဆိုသော်ငြား အနည်းငယ် လောက်မျှပူနေတော့ သားနှင့်ပိုင့်အား အပူရှပ်
မည်ကိုစိုး၍ ကားနှင့်သာလာခဲ့ရသည်။

ပိုင်သည် အလုပ်သမားကောင်လေးဆီမှ ဓားကို
ယူကာ ဒူးရင်းပင်ပေါ်သို့ ပိုင်ပိုင်နိုင်နိုင်တတ်နေ
တော့ ဟယ်ရီနှင့်ဆန္ဒလေးက အောက်မှလက်တ
ပြင်ပြင်ဖြစ်နေကြ​၏။

"ပိုင် ဖြည်းဖြည်းတက်"

"ဓားကို အဲ့လိုမကိုင်ထားနဲ့လေ"

"ပိုင် လက်ကိုခုတ်မိမယ်နော်"

"ပိုင် ပြုတ်ကျမယ်လေကွာ"

"ဖေနယ် ဖြည်းဖြည်း။တောက်တောက်
တက်ရာရမလား"

နှစ်နှစ်သာရှိသောသားသည် စိုးရိမ်စိတ်ကလေး
ဖြင့် သူကပင် သစ်ပင်ပေါ်တက်လာရမလားဟု
ပိုင့်အား လှမ်းပြောတော့ ပိုင့်မှာအူလှိုက်သည်း
လှိုက်လည်း ရယ်လို့ရယ်မိပင်။

ဟယ်ရီသည် ပိုင်,ပြုတ်ကျသွားမည်ကိုစိုးရိမ်
နေဆဲဖြစ်သည့်အလျောက် ပြေလျော့ကျနေ
သောဆံပင်များကိုပင် ပြန်လည်စည်းနှောင်ခြင်း
လည်းမပြုမိချေ။စိုးရိမ်စိတ်ဖြင့် သစ်ပင်ပေါ်ရှိ
ပိုင့်ကိုပင် ဂရုစိုက်ရန် တဖွဖွလှမ်းပြောနေမိတော့
ပိုင့်အာရုံတွေထွေပြားသွားမည်ကိုလည်း စိုးရိမ်
ရပြန်သေးသည်။

အသံတိတ်ကာနေမိလိုက်တော့ ပိုင်သည်ပြုံးစနဲ့နဲ့
ရှိသော မျက်နှာထားဖြင့် စိတ်ချပါဆိုသော
အဓိပ္ပာယ်အကြည့်မျိုးပါပါ ကြည့်လာရှာသည်။

"ဟန်နီတို့ စိတ်မပူပါနဲ့၊အပင်က နိမ့်နိမ့်လေး
ပါကွ။ဒါနဲ့ ဘယ်နှလုံးစားကြမှာလဲ"

"နှစ်လုံး"

"နှစ်ရုံး"

တစ်ပြိုင်နက်တည်းထွက်လာတဲ့ စကားသံကို
ကြားတော့ ပိုင့်မျက်နှာမှာ အပြုံးတို့အခြေကျ
ဖြစ်တည်နေမှုက ပျောက်ကွယ်မသွားပေ။
အသီးကောင်းကောင်းကို ရွေးခုတ်တော့ မြေပြင် ပေါ်ကျသွားသည့်အသီး​၏ကျစ်လစ်အားကောင်း
မှုတို့ကြောင့် ဘုတ်ခနဲ အသံပင်မြည်ထွက်သွား
သည်။

A Forgotten Love[Completed]Tempat cerita menjadi hidup. Temukan sekarang