Unicode//နေ့သစ်ကိုစတင်တိုင်း ကိုယ့်ရဲ့လက်ကိုလည်း
ခိုင်ခိုင်မြဲမြဲတွဲလို့ထားပါ//သည်ကနေ့က သောကြာနေ့ဆိုတော့ ဘိုးဘိုးနှင့်
လိုက်သွားကြမည့်နေ့ပင်။အဝတ်စားထုပ်များအားပြင်ပြီးပေမဲ့ ဆန္ဒလေးကတော့ သူ့ကစားစရာများ
ကိုပင် ခြင်းထဲသို့လိုက်ထည့်နေသည်က မပြီးသေးပေ။ဟယ်ရီက အိပ်ပျော်နေဆဲလည်းဖြစ်တော့
ပိုင့်မှာ ထိုင်ကြည့်နေမိတာလည်း ခပ်ကြာကြာပါ။
အိပ်ပျော်နေရင်းမှ ဟယ်ရီက လှုပ်လှုပ်ရှားရှား
ဖြစ်လာသည့်အလျောက် စောင်ကိုပင်ကျစ်ကျစ်
ပါအောင်ဆုပ်ကိုင်ထားသော ဟယ်ရီ့၏လက်များ
ကလည်း တုန်ယင်နေခဲ့သည်။"ပိုင်! မဖြစ်ဘူး ပိုင်..ပိုင်"
စိုးရိမ်သံတွေနဲ့ လက်တကာကာ ယောင်ယမ်း
လာတော့ ပိုင့်မှာ ပျာပျာသလဲလည်းဖြစ်ရှာသည့်
ပုံ။ဟယ်ရီ့ကိုယ်ကို ရင်ခွင်ထဲသို့ထည့်ဖက်ထား
ပစ်တော့ ဟယ်ရီသည် ယောင်မြဲ၊ယောင်ယမ်းနေဆဲလည်းဖြစ်သည်။'စိုးစိုးရွံ့ရွံ့လေးနဲ့မင်းက အိပ်မက်တွေမကောင်း
တာ ကိုယ့်အကြောင်းတွေ မက်နေလို့ပဲဖြစ်မယ်'
ပိုင်က သည်လိုသာပင်တွေး၏။"ပိုင်..ပိုင်သတိထား.."
"ဟန်နီ..ဟန်နီထပါဦး။
ကိုယ်ဘာမှမဖြစ်ဘူးလေ ဟန်နီ""ပိုင်.."
"အင်း..ကိုယ်ဘာမှမဖြစ်ပါဘူး"
"ပိုင် မင်းတကယ်ဘာမှမဖြစ်ဘူးနော်။
မင်းကို အဲ့ကားက တိုက်သွားတာ""အဲ့တာ အိပ်မက်ပါ ဟန်နီရဲ့။
ကိုယ်က မင်းအနားမှာပဲ ရှိနေတယ်လေ။
ကိုယ်ဘာမှမဖြစ်ပါဘူး"ဟယ်ရီ့မျက်ဝန်းတွေဟာ မငြိမ်မသက်။
တုန်တုန်ယင်ယင်လက်တွေနဲ့ ပိုင့်ပါးပြင်ကို
အုပ်ကိုင်လာရင်းမေးရှာတော့ ပိုင့်မှာ ဖက်ထား
ပစ်မိတာ ကပျာကယာရယ်။ပိုင့်ပခုံးကို ခေါင်းမှီ
ချလာသော ဟယ်ရီသည် ငြိမ်ကျရှာနေ၏။မွန်းကြပ်မှုလက္ခာများကို ပိုင်,ရှိနေတော့
အလျင်အမြန် သူကမောင်းထုတ်နိုင်ခဲ့သည်။
ဒါဟာ အိပ်မက်ဆိုးတစ်ခုဆိုရင်တောင်မှ ပိုင့်ကို
စွဲလမ်းမိတဲ့စိတ်၊စိုးရိမ်မိတဲ့စိတ်နဲ့နာကျင်မှုတွေ
ပေါင်းဆုံသွားပြီးမှ ဖြစ်တည်လာခဲ့တဲ့ အိပ်မက်
ဆိုးတစ်ပုဒ်။
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...