A Forgotten Love-49

13.9K 750 55
                                    

Unicode

//အကြင်နာ ရင်မှာဖြာဝေ..
မဖမ်းဆုပ်ရက်တဲ့ လေဟာနယ်မှာလေ//

"ဖေနယ်..တောက်တောက် ပူတင်းပေါင်ပေါင်
စားချင်"

သားက စားနေကျပူတင်းပေါင်မုန့်ကို စားချင်
လာတော့ ပူဆာတာဟာ နှုတ်ခမ်းလေးခပ်စူစူနဲ့ရယ်။ညဘက်မိုးချုပ်နေတော့ သားကိုလည်းခေါ်
မသွားဖြစ်တော့ဘဲ ဟယ်ရီနဲ့ဆိုင်ကယ်မောင်းပြီးသာ နီးရာစတိုးဆိုင်သို့ သွားဝယ်ပေးရတော့သည်။

"ဟန်နီ ဖြေးဖြေးမောင်းပါ..ကိုယ်ကြောက်လာပြီ"

"ကြောက်ရင် ခါးကိုဖက်ထားလေပိုင်ရဲ့"

လမ်းသွယ်ကနေမောင်းတော့ ကားတွေ၊လူတွေ
လည်းမရှိ။ဟယ်ရီက အရှိန်တင်မောင်းတော့
ပိုင့်လက်များသည် ဟယ်ရီ့ခါးသို့ တင်းတင်း
ဖက်တွယ်မှုတို့လည်း ရှိလာ​၏။စတိုးဆိုင်ကို
ရောက်တော့ ပိုင်က သားအတွက်မုန့်ရွေးနေပြီး ဟယ်ရီကတော့ ဟိုကြည့်ဒီကြည့်နှင့်သာ။

"ဒါတစ်ဘူးနဲ့စီးကရက်တစ်ဘူးယူမယ်"

ကောင်တာပေါ်တင်ပေးတော့ အရောင်းဝန်ထမ်း
မျက်နှာဟာ တအံ့တဩ။ကျစ်! ဒါမျိုးတွေကို
သူလုံးဝမကြိုက်တာပါ။ထူးထူးဆန်းဆန်း
အဲသည့်အကြည့်တွေက တကယ့်ကိုမှ မုန်းပစ်ချင်
စရာ။

"ဘာကြည့်နေတာလဲ condomဝယ်တာ
မမြင်ဖူးလို့လား။ထူးဆန်းတာများရှိသလား။
ဒါမှမဟုတ် ရှက်စရာပါနေလို့လား"

"မဟုတ်..မဟုတ်ပါဘူး။တောင်းပန်ပါတယ် အစ်ကို"

"မလိုဘူး..ဒါတွေကိုမြန်မြန်ထည့်ပေး"

ပိုင့်ကို လှည့်ကြည့်ရတော့ မုန့်ရွေးနေဆဲဖြစ်ပြီး
ကောင်တာနားမှ ဟယ်ရီ့ကိုလည်း သတိမူမိလိုက် ပေ။ပိုက်ဆံရှင်းပြီး အိတ်ကိုယူတော့ ဆံပင်ကို စိတ်ပျက်ဟန် လှန်သပ်တင်ရင်း ကျစ်ခနဲ စုတ်သပ်တော့ ဟယ်ရီ့မျက်နှာဟာ အေးစက်စက်
လေးလည်းနိုင်ရဲ့။ဟယ်ရီမြတ်သာဆိုတာ
သည်လို..ပိုင့်အပေါ်နဲ့အနီးအသိုင်းအဝိုင်းကလူ
တွေအပေါ်ကလွဲရင် တစ်ခါတလေမှာတော့
မာန်တင်းတင်းကလေးနဲ့ရယ်။

A Forgotten Love[Completed]Where stories live. Discover now