A Forgotten Love-46[Special Part]

14.4K 756 38
                                    

Unicode

//နာနာကျင်ကျင် မင်းမျက်ရည်တွေကို
တွေ့ပါရက်နဲ့ ချောင်တစ်နေရာမှာ ခိုကပ်
ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့တဲ့ငါ..//

ပိုင့်သတင်းကို ရက်တွေအလီလီစုံစမ်းတော့
သုံးလဆိုတဲ့ ကြာချိန်ကာလအထိ အမှောင်တွေ
လည်းဖုံးရဲ့။နောက်တော့ ခမ်းအကူအညီနဲ့စုံစမ်းယူ
မှ ကြားရတဲ့မင်းသတင်းက သည်လူ့ရင်ကို
အရှိန်တပြင်း ရိုက်ခတ်စေတဲ့အဖြစ်တွေ။

"မင်းပိုင်စိုးသူရဲ့လုပ်ရက်တွေက ကြားလို့မှ
ကောင်းသေးရဲ့လား။ဟယ်ရီ ဒါတောင်မှ
မင်းက...တောက်!"

Jakeကဒေါသတကြီးဖြစ်သွားပေမင့် ဟယ်ရီ့
ကိုလည်း လေသံမာမာမပြောရက်တော့
တောက်ခေါက်ကာ စိတ်ကိုလျှော့ချပစ်ရသည်။
ဟယ်ရီကတော့ မျက်ဝန်းသေများဖြင့် လက်ထဲရှိ
Ultrasoundပုံကိုကြည့်ရင်း ငိုချလာခဲ့တာ
တုန်တုန်ယင်ယင်။နာနာကျင်ကျင် သည်အသည်း
နှလုံးကိုလည်း ကာယကံရှင်သာလျှင် အသိဆုံး။
ဒဏ်ရာတွေပလပွနဲ့ ဘယ်လောက်တောင်များ
စုတ်ပြတ်သတ်နေလိမ့်မလဲ။ဒါတောင်မှ ပိုင့်ကို
မေတ္တာမပြတ် ချစ်နေမိတုန်းတဲ့လေ။

"ပိုင့်ကို ဒီကိစ္စနဲ့ပတ်သက်ရင် စိတ်မနာနိုင်ဘူး
အစ်ကို။ဟယ်ရီ..ဟယ်ရီပြန်လာဖို့ သူကြံမိ
ကြံရာ ကြံခဲ့တာပဲဖြစ်မယ်"

"အစ်ကိုတော့ မင်းကိုအံ့ဩတယ် ဟယ်ရီ။
မင်းရဲ့အချစ်ကလည်း ဝဋ်ကြီးလိုက်တာ"

"ဟင့်အင်း အဲ့လိုမပြောပါနဲ့။ဟယ်ရီ ပိုင့်ကို
ချစ်တာပါ"

"ဝဋ်ကြီးတယ်လို့တော့ မပြောပါနဲ့။
ပိုင့်ကိုချစ်မိတာ ဝဋ်ကြွေးမဟုတ်ဘူး"

မာမာထန်ထန်မဟုတ်တဲ့ ဟယ်ရီ့လေသံပျော့ပျော့မှာ ငိုသံတွေလည်း ရောစွက်လာသည်။
မင်းပိုင်စိုးသူကြောင့်ရခဲ့တဲ့ စိတ်အနာတရတွေကိုတောင်မှ ဟယ်ရီက မြတ်မြတ်နိုးနိုး ဖက်တွယ်ထားတော့ မည်သူမှလည်းတားမရပေ။သည်စိတ်ခန္ဓာ
က ပိုင့်ကိုချစ်ဖို့အတွက်များ မွေးဖွားလာသလား။ပြန့်ကျဲနေတဲ့ ပိုင့်ဓာတ်ပုံတွေကို ငေးကြည့်ရင်း မျက်နှာငယ်လေးနဲ့ဟယ်ရီ့မှာ တစ်ချက်တစ်ချက်
စိတ်လွတ်ထွက်တော့မလိုနှယ်။

A Forgotten Love[Completed]Dove le storie prendono vita. Scoprilo ora