Unicode
//ပစ်ပယ်ခြင်းမှာ ဒီမေတ္တာတွေက နေသား
တကျရှိလာတယ်။အသည်းနာအောင်လည်း
မင်းလုပ်တတ်လာတယ်//အလုပ်အကိုင်မရှိတော့တဲ့ အလုပ်လက်မဲ့
ဟယ်ရီ့မှာ အလုပ်သွားချင်ယောင်ဆောင်ရ
တာက တစ်မျိုး၊ပိုင်စိုးမနိုးခင် မနက်အစော
ကြီးထပြီး ရှောင်နေပေးရတာက တစ်မျိုးနဲ့
အမျိုးပေါင်းသောင်းခြောက်ထောင်တွေကြား
မှာ ဟယ်ရီ မြော့မြော့သာပင်ရှိတော့သည်။
ဟယ်ရီကသာ အမျိုးမျိုးလုပ်ပေး၊နေပြနေ
ပေမဲ့လည်း ပိုင်စိုးကတော့ စိတ်ဝင်စားဟန်
လည်းမရှိ၊ဂရုစိုက်ပုံလည်း မပေါ်ပါ။ဟယ်ရီ
စိတ်ပင်ပန်းရတာတွေကြောင့် သက်ပြင်း
အရှည်ကြီးဆွဲချလိုက်မိတော့ ပိုင်စိုးအကြည့်
တွေက ခဏတာတော့ဝေ့ဝဲသွားစေသည်။"အလုပ်မသွားဘူးလား၊မင်းကိုမြင်နေရတာ
မျက်စိရှုပ်တယ်""အင်း သွားမှာပါ..အခုပဲသွားတော့မလို့"
"အဲဒီအဝတ်စားနဲ့သွားမှာလား၊စိတ်ပျက်
စရာပဲ ဟယ်ရီ။အခုရက်ပိုင်းတွေမှာ
မင်းဘာဖြစ်နေတာလဲ။ဘာလဲ စိုးစံနဲ့မတွေ့
ရလို့လား။ဣန္ဒြေတောင် မဆည်နိုင်ဘူး၊
ရုပ်ပျက်ဆင်းပျက် အပူမိနေတဲ့ရုပ်နဲ့"ဟယ်ရီဝတ်ထားတဲ့ ညဝတ်အင်္ကျီကို
လက်ညှိုးထိုးပြရင်း ပိုင်စိုးက မေးငေါ့ပြ
သည်။ဒါလည်း ဟုတ်သည်။
ဘာမှလည်းမပြင်ဆင်ရသေးဘဲနဲ့ အလုပ်
သွားဖို့ အယောင်ပြလိုက်မိတာကိုက ဟယ်ရီ့
ရဲ့ပေါ့ဆမှုသာပင်ဖြစ်သည်။ဟယ်ရီ ဘာမှ
လည်းမပြောတတ်တော့တာနဲ့ အခန်းထဲကို
သာ ပြေးဝင်ပြီး တွေ့ရာကိုသာကောက်ဆွဲ
ဝတ်ပစ်လိုက်တော့သည်။အပေါ်နဲ့အောက်
လိုက်လား၊မလိုက်လားလဲဂရုမစိုက်ပါ။
အဓိက,က အလုပ်သွားမဲ့ဒီဇိုင်းနဲ့ တူနေရင်ပြီး
တာပါပဲလေ။"ဘယ်သူနဲ့ သွားတွေ့မှာလဲ"
"စိုးစံနဲ့..အာ..."
အငိုက်မေးလာတဲ့ ပိုင်စိုးကြောင့် ဟယ်ရီ
ယောင်ယမ်းပြီးဖြေလိုက်ပုံပါပဲ။တကယ်
တမ်းလည်း သူ,စိုးစံနဲ့ပဲ သွားတွေ့မှာလေ။
အလုပ်သွားဖို့ကျပြန်တော့ ဘယ်မှာလဲ
ဟယ်ရီရဲ့အလုပ်။နေ့တိုင်း စျေးဝယ်စင်တာ
ထဲမှာ သွားပတ်လိုက်၊ရုပ်ရှင်ကြည့်လိုက်နဲ့။
အဲ့လိုမှ မလုပ်ပြန်ရင်လည်း ပန်းခြံထဲသွား
ထိုင်နေရတဲ့အဖြစ်။ဟယ်ရီ သက်ပြင်းထပ်
ချလိုက်ရင်း အလုပ်သစ်ရှာဦးမှပါလေလို့
တွေးမိလိုက်တာပဲ။ဒါပေမဲ့ ပိုင်စိုးကတော့
စားပွဲပေါ်မှ ဟယ်ရီဖျော်ထားပေးသည့်
လိမ္မော်ရည်ခွက်ကို နံရံဆီသို့ပစ်ပေါက်လိုက်သည်။
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...