A Forgotten Love-38

17.8K 1K 74
                                    

Unicode

//မင်းက ကိုယ့်အတွက် ဘယ်လိုမျိုးလဲလို့
မေးတဲ့အခါ ကိုယ်ပြန်ဖြေမှာ..
"မင်းက ကိုယ့်ရဲ့အနာဂတ်ပါ"//

တစ်လမ်းကျော်က လက်ဖက်ရည်ဆိုင်ကိုရောက် တော့ ဆန္ဒလေးစားနေကျအတိုင်း အသားပေါင်း
တစ်လုံးနှင့်နွားနို့ပူပူတစ်ခွက်ကိုပင် ဦးဆုံး မှာပေးရသည်။

သစ်သား စားပွဲပုများနှင့် ပတ်ဝန်းကျင်သည်လည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည့်အလျောက် အေးချမ်းနေသည်ကိုအင် ဟယ်ရီသည် သဘောကျနေတော့​၏။အုတ်နံရံပေါ်၌ နွယ်တက်တွယ်ကပ်တစ်လှည့်၊လျှောဆင်းတစ်လှည့်တည်ရှိနေသော စက္ကူပန်းပင် တို့မှ ပန်းတို့သည်လည်း မြေနီပေါ်သို့ ကြွေစင်းကျ
လျက်ရှိနေသည်။

"ဟယ်ရီ ဘာသောက်မလဲ..ပေါ့ဆိမ့်လား။
ဒီမှာ အာလူးပူရီလည်းရတယ်"

"အင်း..မင်းမှာပေးတာပဲ စားမယ်"

တည်တင်းတင်း နှုတ်ခမ်းသားတွေဟာ မပြုံးပါ။
ပိုင့်ဆီမှအကြည့်လွှဲသွားရင်း ဆန္ဒလေး​၏ဆံပင်
ကိုသာ ကြက်တောင်စည်း စည်းပေးဖြစ်တော့
ပိုင်က စားပွဲထိုးကောင်လေးဆီ လက်ဖက်ရည်
ပေါ့ဆိမ့်နှစ်ခွက်နှင့် မုန့်တို့ မှာနေတော့သည်။
ဆန္ဒနှင့်ဟယ်ရီ့ကိုတွဲမြင်နေရတိုင်း သူ့ရင်၌ခံစား
မိသည်က မိသားစုဆိုသည့်စိတ်ခံစားချက်ပင်။

"ဟီရယ်..တောက်တောက် ပါပယ်ကြိုက်"

"ဒါဆို ဦးဦးနဲ့ တူတာပေါ့။ဦးဦးလည်း Purple
ကြိုက်တယ်"

တစ်ဝက်မျှသာစည်းထားသော ဟယ်ရီ့​၏ဆံပင် ဆီသို့ လက်ညှိုးလေးထိုးကာပင် ဆန္ဒလေးက
ခရမ်းရောင်ကြိုက်ကြောင်းပြောတော့ မပီကလာ
လေးသာ။ဟယ်ရီ့ဆံပင်အရောင်ကို သဘောကျ
နေကာ တစ်ခစ်ခစ်ရယ်တော့ ပိုင့်မှာမနေနိုင်။
သား​၏ ပါးဖောင်းဖောင်းသို့ မွှေ့နမ်းမိတော့​၏။

သားက တစ်ခစ်ခစ်ထပ်ရယ်နေဆဲဖြစ်တော့
ဟယ်ရီ့မှာ မနေသာပါ။ကလေးအား နောက်လန်
ကျမည်ကိုစိုး၍ ကျောဘက်အင်္ကျီမှ ထိန်းကိုင်ထားမိသည်က ခပ်မြဲမြဲပင်။

"အစ်ကို ချထားပါဆိုဗျာ"

"ဟာ မုန်းမောင်နော်..မင်း အစ်ကို့ကို
အလှထိုင်ခိုင်းထားတော့မှာလား"

A Forgotten Love[Completed]Where stories live. Discover now