Unicode
//ပစ်ပယ်ပစ်စမ်းပါလေ..မင်းရဲ့စိတ်လေး
သက်သာလိုသက်သာငြားပေါ့//အိမ်ကနေထွက်လာပြီးမှ ဖြိုးဖြိုးဖြောက်ဖြောက်
ကျလာတဲ့ မိုးဖွဲတွေကို ဟယ်ရီစိတ်ဆိုးမိ၏။
ဟုတ်တော့လည်းဟုတ်သည်၊သူထွက်မလာခင်
တုန်းကတော့ နေသာနေသေးသည်လေ။ဒါကြောင့်မို့လည်း ဟယ်ရီ ထီးလည်းယူမလာ
မိ၊စီးလာသည့်ဖိနပ်ကလည်း ကတ္တီပါနီညိုဖျော့
ရောင်။သည်ကနေ့မှ စိတ်ကူးပေါက်ပြီးဝတ်လာမိတာကလည်း ယောပုဆိုးနဲ့အင်္ကျီလက်တို။"မသိရင် ဘုန်းကြီးကျောင်းသွားမဲ့ ပုံစံ"
ဟယ်ရီ မအီမသာလေးရေရွတ်မိနေ၏။
မိုးပေါက်ကျလို့သာပင် တော်ကာကျရော့မည်။
မိုးသာရွာချလာလျှင် ကတ္တီပါဖိနပ်နှင့် ချော်လဲမှာ
တော့ ဟယ်ရီမြင်ယောင်မိသေးသည်။ထီးလည်းပါမလာတော့ ပုဆိုးခြုံကာ အိမ်ကိုပင်
ပြန်ပြေးရတော့မလိုလို။လမ်းဘေးမှာတစ်ယောက် ထဲရပ်နေရင်း ပြန်ပဲလှည့်ရမလို၊ဆက်ပြီးပဲ သွားရ
မလိုနှင့် ဟယ်ရီ,ဗျာများနေရတော့သည်။"မထူးပါဘူး နီးနီးလေးပဲ ဆက်သွားလိုက်ရင်
မိုးမိမှာတော့မဟုတ်ဘူး"သို့နှင့် ဟယ်ရီ့နောက်မှ ပိုင်စိုးကမူ အသံတိတ်ဖြင့် ဆက်လိုက်ရ၏။ဒါကိုလည်း ဟယ်ရီ သတိထားမိ။ဦးထုပ်လျှာထိုးအနက်ကိုပင် ငိုက်စိုက်စောင်းထား၍ Hoodie အနက်၊ဂျင်းဘောင်းဘီအနက်နှင့်ဖြစ်သော ပိုင်သည် တစ်ကိုယ်လုံး အနက်ချည်းသာဖြစ်နေ
တော့သည်။လက်၌ချိတ်ထားသော ဂေါက်ထီးလိမ္မော်ရောင်
ကတော့ တစ်ခုတည်းသော အရောင်ကွဲပင်ဖြစ်
သည်။ဟယ်ရီက ကားလည်းယူမလာဘဲ
လမ်းလျှောက်သွားနေတယ်ဆိုကတည်းက
နီးနီးလေးမှန်း ပိုင်စိုးသိသည်။ဟယ်ရီ ဝင်သွား
သည့်ဆိုင်ကိုကြည့်မိတော့မှ ပိုင်စိုးပြုံးလိုက်နိုင်၏။"ပြောတော့ ကိုယ့်ကို မချစ်တော့တဲ့ပုံစံနဲ့၊
လွမ်းလို့ထင်တယ် ဒီဆိုင်အထိတောင်"ဒါ ဟယ်ရီ့ကို ချိုချိုသာသာချဉ်းကပ်ပြီး ပထမဆုံး လိုက်ခဲ့တဲ့ဆိုင်။ဟယ်ရီက နာရီအစား လက်ပတ် တွေကိုသာ ပိုကြိုက်တဲ့သူ။ပြီးတော့ အရောင်တွေနဲ့ပတ်သက်ပြီး အမြဲတမ်း ဝေခွဲရခက်နေတတ်တဲ့သူ။
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...