Unicode
//ပြက္ခဒိန်ကို လှန်ကြည့်တော့
မင်းထားခဲ့တာ တစ်နှစ်မြောက်//တောင်အရပ်မှလာသည့် ကံ့ကော်ပန်းအနံ့ တို့က ခပ်သင်းသင်း။ကလေးတွေ ပြေလွှား ဆော့တော့ ဖုန်တလူးလူး။တစ်နှစ်အတွင်းမှာပိုင်,ပြောင်းလဲလာခဲ့ပြီ။
"ဆန္ဒရိပ်မြုံဂေဟာ"
ခြံအပေါက်ဝ၌ ထီးထီးမားမားချိတ်ဆွဲထားသည့်
ဆိုင်းဘုတ်။ဂေဟာတစ်ခုကို ကိုယ်တိုင်ထူထောင်
ဖြစ်တော့ အစကနဦးကြားရသည့် ဖြစ်ပါ့မလားဟူသော စကားသံ။ဒါတွေကို ပိုင့်ဘက်မှ အပြုံးနှင့်သာတုံ့ပြန်ခဲ့မိပြီး၊အလုပ်နှင့်သာ သက်သေပြရ၏။
ပိုင်ကိုယ်တိုင် တည်ထောင်ထားသည့် ဂေဟာ၌ ကလေးပေါင်း အယောက်၂၀ရှိသည်။ပြီးနောက်
ငွေကြေးမတတ်နိုင်သည့်ကျောင်းသားတို့ကို ပညာသင်ကြေးလည်းထောက်ပံ့ပေးဖြစ်သည်။"ဖေနယ်..ဖေနယ်"
နှစ်နှစ်သာသာကလေးငယ်လေး ဆန္ဒပိုင်သာ,က ဖေငယ်ဟု ပိုင့်ကို မပီတပီလေးခေါ်ရင်း ပိုင်,ထိုင်နေသည့် ဝါးကွပ်ပျစ်ဆီသို့ အပြေးလေးလာနေသည်။
ဆံပင်ကောက်ကောက် လုံးလုံးကလေးဖြင့် အပြေးလာတော့ လက်ဆန့်တန်းကာ ပိုင်,ကကြိုမိ၏။
သည်ကလေးလေးကို စတွေ့တုန်းက ပိန်ပိန်သေး
သေးလေးလေ။"ကောက်ကောက် ဘာဖြစ်လာတာလဲ"
"တောက်တောက်ကို တောက်တောက်လို့
ခေါ်နဲ့ချို..ဖေနယ်နော်"ဆန္ဒပါးသို့ နမ်းပစ်တော့ နှုတ်ခမ်းလေးစူသွားသည်။ပိုင်က သဘောတကျရယ်ရင်း စကားမပီ
သည့် ဆန္ဒစကားသံကိုလည်း သဘောကျနေမိတာ
ပင်။သူ့ကိုယ်သူ ကောက်ကောက်ဟုသုံးနှုန်းတတ် ပြီး ပိုင်တို့က ကောက်ကောက်ဟုခေါ်လျှင် မကြိုက် တတ်သော ကလေးဖြစ်၏။ဆန္ဒအား ပိုင်သည် အမွေစားအမွေခံ မွေးစားထား
သော ကလေးဖြစ်သည်။ဂေဟာသို့ လာလျှင် ဆန္ဒကိုခေါ်လာဖြစ်ပြီး၊ပြန်လျှင် အိမ်သို့ မနည်းပြန်ခေါ်ရသည်။ဆံပင်ကောက်ကောက်လေးတွေကိုပင် ပွတ်သပ်
မိတော့ ဆန္ဒဆီမှ အသံလေးကထွက်လာသည်။"ဖေနယ် မမလှရောက်ရောက်"
"ဖေငယ့်သားလေးကို အဲဒီမမလှလှက လာခေါ်ခိုင်းတာလား"
YOU ARE READING
A Forgotten Love[Completed]
Romance❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lily_Han🍀 (-လီလီဟန်-) Start Date-4/5/2021(Tuesday ) End Date -22/7/2021(Thursday) Note-A...