A Forgotten Love-11

19.8K 1.2K 40
                                    

Unicode

//လွမ်းရတဲ့ အရသာက ဟင်းလင်းပြင်ကြီး
လိုမျိုးလေ..ဟန်နီ့ကို သိပ်လွမ်းရပါတယ်//

အမေကြီးတစ်ယောက်လိုပဲ ပိုင်စိုးက ဟယ်ရီ့
အတွက် ခရီးဆောင်အိတ်ကို ပြင်ပေးနေသည်။
သုံးနှစ်ကျော်ကာလအတွင်းမှာ ဒါပထမဆုံး
ခွဲခွာရခြင်းဖြစ်ပြီး၊ပိုင်စိုးက ပထမဆုံး သူကိုယ်
တိုင် ပြင်ပေးခြင်းလည်းဖြစ်တယ်။

လွမ်းနေရမှာသိပေမင့် ပိုင်စိုးရဲ့ အပြုအမူတွေ
ကြောင့် ဟယ်ရီပျော်နေမိတာတော့အမှန်ပါ။
ပိုင်စိုးက မျက်မှောင်ကြီးကိုကုတ်ပြီး ဟယ်ရီ့
ကိုလည်း လှည့်လှည့်ကြည့်ရှာရမှာ မျက်နှာငယ် လေးနဲ့ရယ်။

"မသွားလို့ မရဘူးလားကွာ။လူပြောင်းလိုက်ပါ
လား..ဟင်..ဟယ်ရီ"

"မရလို့ပေါ့ ပိုင်ရာ..ငါပါမှဖြစ်မှာ။သုံးညအိပ်၊
လေးရက်ထဲပါပဲ။မင်းဆီကို ဖုန်းဆက်မယ်လေ.. နော်"

"အင်းပါ..ဒီညစောစောအိပ်လိုက်တော့။
မနက်ဖြန်ကျရင် ကားစီးရတာနဲ့ ပင်ပန်းလိမ့်မယ်"

ဟယ်ရီ့ကို ကျောပေးရင်း ပြန်လှည့်သွားသည့်
ပိုင်စိုးဆီမှ စကားသံပင် ထပ်ထွက်မလာတော့
ပါ။ဟယ်ရီလည်း ထိုင်နေရာမှ ထလိုက်ရင်း
ပိုင်စိုးကို သွားဖက်ထားပစ်လိုက်သည်။ကလေးလေးတစ်ယောက်လို စိတ်မကောင်းဖြစ်နေတဲ့
မင်းပိုင်စိုးသူကြောင့် ဟယ်ရီ ပြုံးမိတာ အမှန်ပါ။
ပျော်မိတာလည်း ခဏတာပါ။လွမ်းနေရပြီလေ..
ပြီးရင်လည်း ထပ်ပြီးတော့ လွမ်းနေရတော့မှာ
လေ။

ဒီကောင်လေးက သူ့ကိုခံစားရအောင်၊နာကျင်
အောင်လို့ လုပ်နိုင်တဲ့သူဖြစ်ပြီးတော့ ပျော်ရွှင်
အောင်လုပ်ပေးနိုင်သူလည်း ဖြစ်တယ်။

"ငါတို့တွေ အခုလိုခွဲရသလိုမျိုး တစ်ချိန်ချိန်မှာ
အချိန်အကြာကြီးလည်းဖြစ်သွားနိုင်တယ်၊
ဒါမှမဟုတ် တစ်သက်လုံးလည်း ခွဲခွာသွားရနိုင်
တယ်.."

"ဟယ်ရီ မပြောနဲ့တော့ကွာ"

"ငါပြောတာကိုနားထောင်ပေး ပိုင်..ဒီစကားကို
ငါပြောမယ်"

A Forgotten Love[Completed]Where stories live. Discover now