A Forgotten Love-6

26.9K 1.7K 111
                                    

Unicode

//အနာဂတ်ကို စိတ်ကူးယဉ်ကြည့်လို့ရတယ်။
ကြိုတင်ပြီးတော့ မမြင်နိုင်ဘူးလေ//

ပိုင်စိုးနှင့်ဟယ်ရီတို့ နှစ်ယောက်..အိမ်ရာထဲမှ
ပန်းခြံဆီသို့ လမ်းလျှောက်ထွက်ဖြစ်ကြသည်။
လေများဝှေ့လာချိန် ဟယ်ရီ့ဆံပင်များက ဝေ့ဝဲ
သွားသည်။ပိုင်စိုးကမူ ဟယ်ရီ့ခေါင်းပေါ်သို့
လက်ဖြင့်ဖိပေးလာ​၏။ထိုနှင့်မပြီးစွာ ဟယ်ရီ့ပါး
သို့ပင် သူက ဖျတ်ခနဲနမ်း​၏။

"ဆံပင်တွေ လေထဲလွင့်နေလို့ စိတ်ရှုပ်နေပြီ
မဟုတ်လား"

"ရတယ်..ငါ့ဘာသာပဲ ဖိထားလိုက်မယ်။
မင်းဆံပင်တွေလည်း လွင့်နေတယ်လေ။
ငါဖိပေးထားဖို့ကအရပ်မမှီဘူး လောရှည်ကောင်
ရဲ့။ဘယ့်နှယ်ကြောင့် ဒီလောက်ရှည်နေရတာလဲ"

ဟယ်ရီက နှာခေါင်းလေးရှုံ့ပြီး ပိုင်စိုးကိုအသာ
မော့ကြည့်ရင်းမှ ပြောလာသည်။လက်ချင်းတွဲ
ထားဖြစ်ကြပြီး ပိုင်စိုးကဟယ်ရီ့ကို အသည်းယား
ဟန်ဖြင့် ပါးကိုဆွဲရင်း ကျောပေါ်သို့ မ,ချီတင်
ကာ အရှေ့၌မြင်နေရသည့် တစ်ယောက်စီးဒန်း
တွေဆီသို့ ပြေးပြန်တော့​၏။ရုတ်တရက်မို့ ဟယ်ရီ
လန့်ဖျပ်ပြီး ပိုင်စိုးကိုတောင် ထုရိုက်မိလိုက်သေး
သည်။ထို့နောက်တော့ ဟယ်ရီ့ကို ဒန်းပေါ်မှာ
ထိုင်စောင့်ခိုင်းကာ ပိုင်စိုးကမူ မုန့်သွားဝယ်​၏။

"ဟယ်ရီ..ရေခဲမုန့်က သရက်သီးအရသာနဲ့ ရလာ
တယ်..စားမယ်မလား"

"အရင်ထိုင်ပါဦး..ပြေးသွားတာလား ချွေးတွေ
ကြီးပဲ"

"အင်း မင်းအကြာကြီး စောင့်နေရရင်..ငါ့ကို
လွမ်းနေမှာစိုးလို့"

"ဟား..ဟား မင်းပိုင်စိုးသူတို့ကတော့ တကယ့်
လိပ်ပဲ..ဘောကိုလွမ်းနေရမှာလား"

"ဟီးဟီး။မှတ်ထားနော်ဟယ်ရီ..မင်းက ငါ့
တစ်ယောက်ထဲကိုပဲ ချစ်ရမှာ"

ပိုင်စိုးက မထိုင်သေးဘဲ မုန့်ထုပ်ကို ပိုက်ပြီးပြော
လာသည်။ဟီးဟီး ဆိုသည့်ရယ်သံကြောင့်
ဟယ်ရီကပင် ကြောင်မိရသည်။ပိုင်စိုးက တစ်ခါ
မျှ ထိုသို့ မရယ်ခဲ့ဖူးပါပေ။ဒါက လုပ်ယူထားပုံ
လည်း မပေါ်သလို၊တကယ့် အစစ်အမှန်ပျော်နေပုံလည်းပေါက်သည်။

A Forgotten Love[Completed]Where stories live. Discover now