ဟိုးအရင်, တစ်ရက်တုန်းက, Lucius က သူမနဲ့ မကဘူးလို့ Poliana ကို ပြောခဲ့ဖူးသည်. Poliana က သူ့ကို နံရံဘက်ဆီ တွန်းကပ်ခဲ့တဲ့နေ့ကို သူမှတ်မိနေသေးသည်. အဲ့အချိန်တုန်းကအကြောင်းကို စဉ်းစားမိတာ နဲ့တင် သူ့နှလုံးသားက ပြင်းထန်စွာနဲ့ ခုန်ပေါက်လာသည်. အဲ့နေ့က သူ့အတွက် အရမ်းပျော်စရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့သည်. ဧကရာဇ်အနေနဲ့ အဲ့နေ့ကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပေ.
ဧကရာဇ်က Poliana ကို အတူကဖို့ မမေးခဲ့ပေ. သူက သူ့ဇနီးတွေအပြင် တခြားအမျိုးသမီးတွေနဲ့ အကြိမ်အနည်းငယ်ကခဲ့ပေမဲ့လဲ သူက Poliana ကို ကဖို့တော့ မမေးခဲ့ပေ. တခြားတစ်ဖက်မှာတော့ Poliana အနေနဲ့ ဒီညအဖို့ တစ်ကြိမ်လောက် ကလိုက်ရရင်တောင် ပျော်နေမှာဖြစ်ပေမဲ့, သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမကို သူတို့နဲ့အတူကဖို့ ဆက်တိုက်ဖိတ်ခေါ်နေခဲ့သည်. Poliana ကို ဒီလိုမျိုးမိန်းမဆန်တဲ့ပုံစံမျိုးနဲ့ ပထမဆုံးမြင်ရတာဖြစ်တာကြောင့် သူတို့အနေနဲ့ နောက်ထပ် သူမနဲ့ ဒီလိုတွဲကဖို့ အခွင့်အရေးမရလောက်တော့ဘူးလို့ ထင်နေကြသည်. Poliana က အကြိမ်ပေါင်းများစွာ ကလိုက်ရတာကြောင့် ချွေးပျံလာခဲ့သည်. သူမရဲ့ခံနိုင်ရည်က အရမ်းကောင်းပေမဲ့ နောက်ဆုံးမှာတော့ သူမ မောပန်းလာခဲ့သည်
ညဉ့်နက်လာချိန်မှာတော့ မွေးနေ့ပွဲရဲ့ ဒုတိယအစီအစဉ်ကို စတင်လိုက်သည်. Tory က ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ သူမ အကူတွေကို အချက်ပြလိုက်သည်. သူမရဲ့အကူက ရေခဲဝိုင်ပုလင်း ထည့်ထားတဲ့ဘူးကို ယူလာပေးလိုက်သည်. အကူက ပုလင်းကို သေချာကမ်းပေးလိုက်တော့ Tory က လှမ်းယူကာ ပြောလိုက်သည်.
"အားလုံးပဲ, ကျွန်မ တစ်ခုလောက် ပြောစရာရှိပါတယ်"
ဧည့်သည်တွေအားလုံးက Tory ဘာမှမပြောနိုင်သေးခင်မှာ ရေခဲဝိုင်ပုလင်းကို အာရုံစိုက်မိသွားကြသည်. ရေခဲဝိုင်က ရှားပါးအဖိုးတန်အရာဖြစ်လေသည်. ရေခဲစပျစ်သီးက Marquis Seeze ပိုင်ဆိုင်တဲ့ Acreia ရဲ့ နေရာအနည်းငယ်မှာသာ စိုက်ပျိုးလို့ရတာဖြစ်ပြီးတော့ Marquis Seeze က သူ့ဝိုင်ပုလင်းတွေကို ရောင်းချလေ့မရှိပေ. ရေခဲဝိုင်က ဒီတိုက်ကြီးရဲ့ လူပြောအများဆုံးအရာ ဖြစ်သည်. Tory က ပုလင်းကို သူမကိုယ်တိုင်ဖွင့်လိုက်သည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 2
RomanceRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/