အခန်း ၂၅၆

270 32 2
                                    

အံ့ဩတုန်လှုပ်ပြီး ဒေါသထွက်လာတာကြောင့် သူမနှုတ်ခမ်းဘယ်ဘက်ခြမ်းက အပေါ်ကို တစ်ချက်တွန့်သွားသည်. သူမက သေးငယ်တဲ့တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူတွေထက်တောင် ပိုပြီးတော့ ချမ်းသာကြွယ်ဝသေးသည်. သူမက ဒီတိုက်ကြီးရဲ့ အကောင်းဆုံးနယ်မြေကို ပိုင်ဆိုင်ထားသည်. သူမရဲ့ ဒုတိယတပ်ဖွဲ့ခေါင်းဆောင်ရာထူးက စစ်သည်တစ်ယောက်ရဲ့ ဘဝမှာ ရနိုင်တဲ့ အမြင့်ဆုံးသော ရာထူးဖြစ်သည်. ဒီတိုက်ကြီးတစ်ခုလုံးရဲ့ဧကရာဇ်က သူမကို နှစ်သက်သဘောကျကာ ယုံလဲ ယုံကြည်နေသေးသည်.

Poliana မှာ အရာအားလုံးရှိသည်. ဒီကမ္ဘာကြီးမှာ သူမကို အားကျနေတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေသည်. ဒါပေမဲ့ သူမဘဝမှာ ရှိသမျှအရာအားလုံးထဲမှာမှ သူမ တန်ဖိုးအထားရဆုံးက သူမရဲ့ မျိုးရိုးနာမည် ဖြစ်သည်.

သူမရဲ့ မျိုးရိုး "Winter" က သူမဘဝရဲ့ တန်ဖိုးအကြီးဆုံးရတနာ ဖြစ်သည်. သူမရဲ့ဧကရာဇ်က သူမပြန်လည်မွေးဖွားလာခဲ့တဲ့ အံ့အားသင့်စရာကောင်းတဲ့ ဆောင်းနေ့တစ်နေ့မှာ ချီးမြင့်ခဲ့တာကို သူမ ဘယ်တော့မှ မေ့မှာမဟုတ်ပေ. အေးခဲနေတဲ့ရာသီဥတုကြောင့် သူမအရိုးတွေအထိ အေးခဲမတတ်ဖြစ်ခဲ့တာ.. သူမတွေ့ကြုံခဲ့ရတဲ့ ရက်စက်ကြမ်းကြတ်မှုတွေ... ပြီးတော့ သူမရဲ့နာကျင်မှုတွေကို မေ့ပျောက်သွားစေတဲ့ အခိုက်အတန့်... Lucius ရဲ့ ထာဝရစစ်သည်အဖြစ် ကျိန်ဆိုခဲ့တဲ့အချိန်....

အဲ့နေ့က Poliana ရဲ့ဘဝမှာ အပျော်ဆုံးနေ့ဖြစ်ခဲ့သည်. သူမက ကံကြမ္မာကသတ်မှတ်ပေးခဲ့တဲ့ အဲ့နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပေ.

Poliana က သူမရဲ့ရည်ရွယ်ချက်ကို လူတိုင်းသိအောင် ပြောပြခဲ့သည်. ထိုက်တန်တဲ့ကလေးတစ်ယောက် တွေ့ခဲ့ရင်တော့ သူမက ကလေးကို မွေးစားကာ သူမမျိုးရိုးနာမည်ကို ပေးမှာလို့ ပြောခဲ့သည်. သူမက သူ့ကို သူမရဲ့အမွေဆက်ခံသူအဖြစ် သတ်မှတ်ပေးမှာဖြစ်သည်. သူမရဲ့နာမည်ကို ထူးခြားပြီးထိုက်တန်တဲ့သူကို လက်ဆောင်အဖြစ်ပေးမှာ ဖြစ်သည်.

သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့သားတွေကို သူမရဲ့အမွေဆက်ခံသူဖြစ်အောင်လို့ ပြုစုလေ့ကျင့်ပေးနေတယ်လို့ မကြာခဏနောက်ပြောင်တတ်ကြသည်. Poliana က ဒေါသထွက်ကာ တုန်ယင်လာသည်.

Emperor and the Knightness (Unicode) Book - 2Onde histórias criam vida. Descubra agora