အခန်း ၃၂၁

262 30 0
                                    

သူမအခန်းထဲရောက်တော့ Poliana က အကြောတစ်ချက်ဆန့်လိုက်သည်. ညစာစားပြီးတော့ သူမက လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီးနောက် သူမက ကောင်းကောင်းအိပ်ပျော်သွားဖို့ပဲ လိုတော့သည်.

Poliana က အခန်းထဲကို ပတ်ကြည့်ကာ သူမအခန်းက အရင်လိုမဟုတ်တော့တာကို သတိထားမိလိုက်သည်. သူမကအဝေးမှာ ရှိနေတာကြောင့် အိမ်တော်ထိန်းက သူမအခန်းကို သန့်ရှင်းသပ်ရပ်အောင်လုပ်ခဲ့တာမှန်ပေမဲ့ သူမအိမ်တော်ထိန်းက သူမ မရှိတဲ့အချိန်အတွင်းမှာ အခန်းတစ်ခုလုံးကို ပြင်ဆင်ပြောင်းလဲလိုက်ပုံရသည်.

Poliana မကြာခဏထိုးနှက်ညှင်းဆဲလေ့ရှိတာကြောင့် အက်ကြောင်းထကာ ပျက်စီးနေတဲ့နံရံကလဲ အသစ်ပြန်လည်ပြုပြင်ပြီးသားဖြစ်နေသည်. သန့်ရှင်းသပ်ရပ်တဲ့နံရံကပ်စက္ကူတွေ ကပ်ထားတာကို တွေ့လိုက်ရသည်. ကြမ်းပြင်နဲ့ ပရိဘောဂတွေကလဲ နံရံအသစ်နဲ့ လိုက်ဖက်ညီအောင် လဲထားတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ အခန်းပုံစံလို ဖြစ်နေသည်. ရှင်းရှင်းပြောရရင်တော့ Poliana က သူမအခန်းနဲ့ မသက်ဆိုင်သလိုဖြစ်နေသည်.

Poliana က အိပ်ယာပေါ်လှဲကာ သူမမျက်လုံးတွေကို မှိတ်လိုက်သည်. သူမ မျက်လုံးမှိတ်လိုက်တာနဲ့ မှင်သက်ဖွယ်ရာလှပနေတဲ့ ဧကရာဇ်ရဲ့ ပုံရိပ်က သူမအတွေးထဲ ထင်ဟပ်လာသည်.

"အိုး... မဟုတ်သေးဘူး"

'ငါ တခြားအကြောင်းအရာစဉ်းစားဖို့လိုတယ်'

Poliana က သူမအတွေးတွေကို အာရုံပြောင်းဖို့ ကြိုးစားလိုက်သည်. သူမက ရှုပ်ထွေးနက်နဲတဲ့ အကြောင်းအရာတွေကို စဉ်းစားဖို့လိုအပ်နေပြီး ရုတ်တရက် ဒီနေ့အစောပိုင်းက သူမ ပြောခဲ့တဲ့ စကားဝိုင်းနှစ်ခုအကြောင်းကို အမှတ်ရလိုက်သည်.

ပျော်ရွှင်မှုဆိုတာ ဘာလဲ? ပျော်ရွှင်မှုဆိုတဲ့ စကားလုံးကို လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်. Poliana ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့အရာက Sir Donau ကို ပျော်ရွှင်စေတဲ့အရာနဲ့ မတူညီပေ. Poliana ကို ပျော်ရွှင်စေတဲ့အရာက Lucius ကို ပျော်ရွှင်စေတဲ့အရာနဲ့လဲ တူညီမှာ မဟုတ်ပေ.

ဒါဆို Poliana ရဲ့ပျော်ရွှင်မှုက တခြားအမျိုးသမီးတွေနဲ့ ယှဉ်ကြည့်လိုက်ရင်ရော? Poliana Winter က အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ တခြားအမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့အရာမျိုးက Poliana ရဲ့ပျော်ရွှင်မှုကို ယူဆောင်ပေးလာနိုင်ပါ့မလား?

Emperor and the Knightness (Unicode) Book - 2Donde viven las historias. Descúbrelo ahora